ဇူလိုင်လ (၁၅)ရက်။
ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့တယ်လို့ North Dagon Oppressed People’s Strike ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုထဲ “ အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆီသို့” စာတန်းပါ ဘန်နာကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ကြတာလို့ ဆိုပါတယ်။
အခုလို လှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်နဲ့ North Dagon Oppressed People’s Strike-NDOPS တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက လုံခြုံရေးတွေတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ တော်လှန်လူငယ်တွေဟာ အထင်ကရနေရာတွေအပါအ၀င် မြို့နယ်အချို့မှာ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို မကြာခဏ ပြုလုပ်နေတာလို့ သိရပါတယ်။



