ဇူလိုင်လ (၁၅)ရက်။
ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့တယ်လို့ North Dagon Oppressed People’s Strike ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုထဲ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆီသို့”စာတန်းပါ ဘန်နာကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ကြတာလို့ ဆိုပါတယ်။
အခုလို လှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်နဲ့ North Dagon Oppressed People’s Strike-NDOPS တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက လုံခြုံရေးတွေတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ တော်လှန်လူငယ်တွေဟာ အထင်ကရနေရာတွေအပါအ၀င် မြို့နယ်အချို့မှာ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို မကြာခဏ ပြုလုပ်နေတာလို့ သိရပါတယ်။











