နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြို့ရွာတွေ သိမ်းပိုက်ထိုးစစ်ဆင်ရာမှာ တပ်ဖွဲ့၀င်တွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို MDY-PDF ထုတ်ပြန်

ဇူလိုင်လ (၁၅)ရက်။

မြို့ရွာတွေကို သိမ်းပိုက်ထိန်းချုပ်တာနဲ့ ထိုးစစ်ဆင်တာတို့မှာ တပ်ဖွဲ့၀င်တွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို MDY-PDF က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စည်းကမ်းချက်တွေထဲ အရပ်သားပြည်သူတွေကို အနိုင်ကျင့်ဖမ်းဆီးတာ၊ နှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေ လုံး၀ မပြုလုပ်ဖို့နဲ့ ပြည်သူပိုင် စည်းစိမ်ဥစ္စာတွေကို အနိုင်ကျင့် သိမ်းယူတာမလုပ်ဖို့ ဆိုပါတယ်။

စစ်မြေပြင်ထဲမှာ ပြည်သူပိုင်ယာဉ်တွေကို အသုံးပြုလိုရင် ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ တန်ရာတန်ကြေးပေးပြီး အသုံးပြုဖို့နဲ့ စစ်ဘေးရှောင်တွေအပါအ၀င် ပြည်သူတွေဆီက ငွေကောက်ခံတာ မပြုဖို့ ညွှန်ကြားထားပါတယ်။

စစ်ရေးလိုအပ်ချက်ကလွဲပြီး ပြည်သူပိုင်နေအိမ်တွေထဲ ၀င်ရောက်နေထိုင်တာမပြုဖို့၊ ခွင့်ပြုမိန့်မရှိဘဲ ပြည်သူပိုင်နေရာတွေ၊ ဌာနဆိုင်ရာရုံးတွေ၊ အခြားအဆောက်အဦတွေကို ၀င်ရောက်ကာ ပစ္စည်းယူတာတွေမလုပ်ဖို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ပြည်သူတွေ စစ်ရှောင်လာပါက တိမ်းရှောင်ဖို့အတွက် အန္တရာယ်ကင်းတဲ့လမ်းကြောင်း ဖွင့်ပေးဖို့၊ ကူညီပေးဖို့နဲ့ တာ၀န်ရှိသူတွေနဲ့ ပူးပေါင်းကာ စစ်ရှောင်စခန်း၊ နေရာတွေ စီစဉ်ပေးဖို့အပြင် နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးတို့ကို တင်းတင်းကြပ်ကြပ် လိုက်နာဖို့ ‌ရေးသားထားပါတယ်။

စခန်းသိမ်း၊ မြို့သိမ်း၊ နယ်သိမ်းပြီးတဲ့အခါ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်း၊ ရွှေ၊ ငွေ၊ လက်၀တ်ရတနာ၊ ဖုန်းတွေနဲ့ ယာဉ်၊ ယန္တရားတွေကို လုပ်ငန်းစဉ်နဲ့အညီ လွှဲပြောင်းအပ်နှံရမှာဖြစ်ပြီး ယူဆောင်အသုံးမပြုဖို့ ပြောဆိုထားပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် အရပ်သားတွေ၊ စစ်သုံ့ပန်းတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ကြော်ငြာစာတမ်း၊ ဂျနီဗာကွန်ဗင်းရှင်းပါအချက်တွေနဲ့ MDY-PDF က ချမှတ်ထားတဲ့ ကျင့်၀တ်စည်းကမ်းတွေအတိုင်း တိတိကျကျလိုက်နာဖို့ သတိပေးထားပါတယ်။

ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေထဲက အချက်တခုခုကို ဖောက်ဖျက်ကျူးလွန်ပါက သတ်မှတ်ထားတဲ့ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေအတိုင်း တိတိကျကျ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 16 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့
မြန်မာသတင်း

အရှေ့အလယ်ပိုင်းဒေသ တိုက်ခိုက်တာတွေကို စိုးရိမ်တယ်ဆိုပြီး စစ်ကော််ရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 15 Views
မတ်လ (၇)ရက်။ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်တာတွေအတွက် အလွန် စိုးရိမ်ပူပန်တယ်‌ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။
မြန်မာသတင်း

ကနီမှာ ရှင်ပြုအလှုပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 16 Views
မတ်လ (၇)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ကနီမြို နတ်လာပိုရွာမှာ ရှင်ပြုအလှူပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နမခဘက်ကနေ အသေခံဒရုန်း (၃)စီးနဲ့ ချင်းတွင်းမြစ်ရိုးက ရွာတွေကို
မြန်မာသတင်း

SRA အဖွဲဝင်တွေ ဖမ်းဆီးခံထားရတဲ့အပေါ် MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိင်းနေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 14 Views
မတ်လ (၇)ရက်။ SRA အဖွဲဝင်အချို ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိင်းနေတယ်လို BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ကျနော်တို SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့
မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 40 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ကချင်ကုန်းရွာနားကို (၄)ကြိမ် လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 34 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မတ်လ (၄)ရက်နေ့ ည (၉)နာရီ (၂)မိနစ်နဲ့ (၂၈)မိနစ်တိုမှာ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 39 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 42 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့