နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကြားဖြတ်အစိုးရ သို့မဟုတ် တပ်ပေါင်းစု ဖွဲ့စည်းရေး Civil Society For Myanmar (CSM) က တိုက်တွန်း

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သြဂုတ်လ (၁၅) ရက်။

လက်ရှိအခြေအနေမှာ မြန်မာပြည်ရှိ ပြည်သူပြည်သားတွေဟာ ကြီးထွားလာတဲ့ ပြည်တွင်းစစ်ဒဏ်ကို အခံစားရဆုံး ဖြစ်နေပြီး စစ်အုပ်စုဟာလည်း ပြိုကျလုနီးပါး ဖြစ်နေချိန်မှာ တော်လှန်ရေးကို ဦးဆောင်နိုင်တဲ့ အင်အားစုတွေဟာ တစုတစည်းတည်း ဖြစ်မနေဘဲ သီးခြားစီ ဖြစ်နေတဲ့အတွက် စစ်အုပ်စုကို ထိရောက်သင့်သလောက် ထိရောက်အောင် တစုတစည်းတည်း မတိုက်နိုင်ကြတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ စစ်တပ်က အနိုင်ရ NLD ပါတီကို အာဏာပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် နယ်စပ်ကို ထွက်ခွာလာသော ရွေးကောက်ခံ ကိုယ်စားလှယ်တွေ စုစည်းပြီး စင်ပြိုင်အစိုးရ NCGUB မှ ဖွဲ့စည်းခဲ့ပေမယ့် အဲ့ဒီအစိုးရမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ခေါင်းဆောင်တွေကို မထည့်သွင်းဘဲ ထားခဲ့တာကြောင့် အမည်ခံအစိုးရသာ ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာ အမေရိကန်နိုင်ငံမှာ ဇတ်သိမ်းသွားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီအချက်ကို သင်္ခန်းစာယူပြီး အဲ့ဒီအချိန်က မလုပ်ဆောင်မိခဲ့တဲ့ ကြားဖြတ်အစိုးရတစ်ရပ်ကို တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းကြီးတွေက ခေါင်းဆောင်တွေကို ပါဝင်ဖွဲ့စည်းပြီး အကြမ်းဖက် စစ်အုပ်စုကို တိုက်ခိုက်သင့်ကြောင်းနဲ့ စစ်အုပ်စု ပြုတ်ကျတဲ့အချိန်မှာ တိုင်းပြည်မှာ မင်းမဲ့စရိုက် မဖြစ်ပေါ်စေဖို့ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဆိုပါတယ်။

ကြားဖြတ်အစိုးရတစ်ရပ် ဒါမှမဟုတ် ၁၉၈၉ ခုနှစ် ကရင်ပြည်နယ် မာနယ်ပလောမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (Democratic Alliance of Burma-DAB) လို တပ်ပေါင်းစု ဖွဲ့စည်းဖို့ တိုက်တွန်းထားပါတယ်။

အချက်အလက်။

၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် မဲနယ်ပလောမှာ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (Democratic Alliance of Burma-DAB) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဘိုမြ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဘရမ်ဆိုင်း၊ မွန်ပြည်သစ်ပါတီ (MNSP) ဥက္ကဋ္ဌ နိုင်ရွှေကျင်၊ ပြည်သူ့ပြည်ချစ်ပါတီ (PPP) ဥက္ကဋ္ဌ ဦးသွင်တို့က ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ကြပါတယ်။ အဖွဲ့ဝင်ပေါင်း ၂၅ ဖွဲ့ ပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ။

ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (Democratic Alliance of Burma-DAB) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ်

NCGUB အဝေးရောက်အစိုးရအဖွဲ့ဝင်များကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 4 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 51 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ
မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး
မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 32 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက  တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့