နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

တိုင်ကြားခံထားရတဲ့အပေါ် အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားပြီး ပူးပေါင်းသွားမယ်လို NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာပြော

နိုဝင်ဘာလ (၂၂)ရက်။

တိုင်ကြားခံရတာတွေနဲ့ပတ်သက်ပြီး NUG တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားတယ်လို ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက တုံပြန်ပြောဆိုထားတယ်လို သိရပါတယ်။

“နိုင်ငံရေးအရ တော်လှန်ရေးအခြေအနေတွေ အကဲဆတ်တဲ့ကာလမှာ NUG ဝန်ကြီးချုပ်ရုံးခေါင်းစဉ်နာမည်တပ်ပြီး လွဲမှားတဲ့စွပ်စွဲချက်တွေနဲ့ နိုင်ငံရေးသိက္ခာချတာကို ကျမအနေနဲ့ ဘယ်လိုမှလက်ခံသွားမှာမဟုတ်ပါဘူး။ အဲ့ဒီအတွက်လည်း NUG တာဝန်ရှိသူတွေကို အမြန်ဆုံး စုံခုံဖွဲ စစ်ဆေးမှုပြုလုပ်ပေးရန် တောင်းဆိုထားပြီး၊ ကျမအနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်ဆိုတာ တင်ပြထားတယ်”လို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတိုကို ဝန်ကြီးချုပ်ရုံးဝန်ထမ်းဟောင်းတွေက မလျော်ဩဇာသုံး လွှမ်းမိုးချယ်လှယ်တယ်ဆိုကာ နိုဝင်ဘာလ (၁၉)ရက်နေ့ရက်စွဲနဲ့ NUG ယာယီသမ္မတ၊ CRPH နဲ့ ဝန်ကြီးချုပ်ရုံးတိုကို တိုင်ကြားခဲ့တာလို သိရပါတယ်။

အဲ့ဒီတိုင်ကြားစာနဲ့ပတ်သက်ပြီး ဒေါ်ကြည်ပြာက “တကယ်တော့ ဒီစာက သမ္မတ၊ CRPH ဥက္ကဌနဲ့ ဝန်ကြီးတွေဆီကို (၁၉)ရက်နေ့မှာပိုတယ်လိုသိရပြီး ဝန်ကြီးချုပ်ဆီတော့ တိုင်စာရောက်မလာပဲ (၂၀)ရက်နေ့မှာ စနစ်တကျ အချိန်ကိုက် သတင်းမီဒီယာအပေါ်ရောက်လာပါတယ်။ ဒါပေမယ့် ဒီလိုမျိုး သေးငယ်တဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တခုကို အရင်းပြုပြီး စနစ်တကျစီစဉ်ထားတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကို ပထမဦးဆုံးကြုံရတာပဲဖြစ်ပါတယ်”လို ပြောဆိုထားပါတယ်။

တိုင်ကြားစာထဲ ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတိုဟာ လူ့အခွင့်အရေးချိုးဖောက်တာ၊ အလွဲသုံးစားလုပ်တာ၊ အဂတိလိုက်စားတာ၊ ဝန်ထမ်းတွေအပေါ် မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်တာတိုကြောင့်ဆိုပြီး ဝန်ထမ်း (၁၂)ဦးက တိုင်ကြားထားတာလို သိရပါတယ်။

အဲ့ဒီတိုင်ကြားစာပါအချက်တွေကြောင့် ၂၀၂၂ခုနှစ်ကနေ ၂၀၂၅ခုနှစ်ထဲ ဝန်ကြီးချုပ်ရုံးဝန်ထမ်း (၁၉)ဦး ရုံးကို စွန့်ခွာသွားတယ်လို ဖော်ပြထားသလို ဒေါ်ကြည်ပြာဟာ ပုဂ္ဂိုလ်ရေးအကျိူးစီးပွားအတွက် ဝန်ကြီးချုပ်ကိုပါ ကြိုးကိုင်ချယ်လှယ်နေတယ်လို ဖော်ပြထားပါတယ်။

ဒါ့ကြောင့် NUG အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို၊ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အရေးယူပေးဖို၊ နစ်နာသူတွေကို ကုစားပေးဖိုနဲ့ နှောင့်ယှက်တာမရှိစေဖို ကာကွယ်မှုပေးဖို တိုင်ကြားစာထဲ ထည့်သွင်းတောင်းဆိုထားတယ်လို သိရပါတယ်။

ဒီလိုတိုင်ကြားစာထဲပါဝင်တဲ့အချက်ထဲ ဝန်ထမ်းတွေအတွက် နေထိုင်ခွင့်အထောက်အထားမလုပ်ပေးဘူးဆိုတဲ့ကိစ္စဟာ လုံးဝမှားယွင်းနေသလို ဝန်ထမ်း (၈)ယောက်လောက်ကို အခန်းကျဉ်းတခုပဲပေးပြီး နေ့တိုင်းရုံးတက်ရတယ်ဆိုတဲ့ကိစ္စ၊ ငွေကြေးတွေစာရင်းပျောက်ကိစ္စနဲ့ အိမ်မွေးခွေးတွေအတွက် တလ ဘတ်(၁၀၀၀၀)ကျော်သုံးတယ်ဆိုတဲ့ကိစ္စတွေဟာ အချက်အလက်တွေ လွဲမှားနေတယ်လို ဒေါ်ကြည်ပြာက ပြန်လည်ရှင်းလင်းထားပါတယ်။

ဒါ့အပြင် တိုင်ကြားစာထဲက အချိုအချက်အလက်တွေဟာ စွပ်စွဲချက်ဆိုပြီး ပြောရမှာ တော်ခက်ခဲပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဖြစ်တာကြောင့် လိုအပ်သလို ဖြေရှင်းသွားမှာဖြစ်ပြီး တိုင်ကြားသူတွေအနေနဲ့လဲ တာဝန်ယူဖို သူက ထည့်သွင်းပြောဆိုထားတယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို