နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဆေးတပ်သား (၁၈)ဦးသေဆုံးတဲ့အပေါ် ကျောင်းအုပ်အပါအဝင် (၃)ဦးကို KNDF က အလုပ်နဲ့ ထောင်ဒဏ် ချမှတ်

ဒီဇင်ဘာလ (၁၅)ရက်။

လေ့ကျင့်ရေးတစ်ခုပြုလုပ်ချိန် ဆေးတပ်သား (၁၈)ဦး ရေထဲမျောပါသေဆုံးခဲ့တဲ့ဖြစ်စဉ်က ကျောင်းအုပ်အပါအဝင် (၃)ဦးကို အလုပ်နဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်အပေါ် အမှန်တရားနဲ့ တရားမျှတမှုအတွက် KNDF ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့ ဗဟိုစစ်တရားခုံရုံးအဖွဲ့ဖွဲ့ကာ အမှုကြားနာစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အမှုရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာနဲ့ သက်သေထွက်ဆိုချက်တွေကြောင့် ဖြစ်စဉ်အတွက် ကျောင်းအုပ်တစ်ဦး၊ ကာယာလေ့ကျင့်ရေး PT ဆရာတစ်‌ဦးနဲ့ သင်တန်းအကူတစ်ဦးတို့မှာ တာဝန်ရှိတာကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ကျောင်းအုပ်နဲ့ ကာယလေ့ကျင့်ရေး PT ဆရာတို့ကို စစ်အက်ဥပဒေပုဒ်မ (၁၇)နဲ့ (၂၇)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁) နှစ်နဲ့ (၃)လစီအပါအဝင် သင်တန်းအကူကို ပုဒ်မ(၂၇)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃)လ ချမှတ်လိုက်တယ်လို့ ရေးသားထားပါတယ်။

ပြည်သူတွေကတော့ ဒီထောင်ဒဏ်ဟာ ပစ်မှုနဲ့နှိုင်းယှဉ်ရင် အလွန်နည်းတယ်လို့ ဝေဖန်နေကြပါတယ်။

၂၀၂၄ခုနှစ် စက်တင်ဘာလပိုင်းထဲ KNDF က ဦးစီးဖွင့်လှစ်တဲ Frontline Combat Medic သင်တန်းကို တပ်ရင်းတပ်ဖွဲ့အသီးသီးက သင်တန်းသား/သူ (၁၂၀)ဦး တက်ရောက်ခဲ့ကာ ညဘက်လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ချိန် သင်တန်းသား(၁၈)ဦး ရေထဲမျောပါသေဆုံးခဲ့ရတာပါ။

အခုလို သေဆုံးခဲ့ရတဲ့ ရဲဘော်ရဲမေတွေအတွက် အလွန်စိတ်ထိခိုက်ရသလို တော်လှန်ရေးအတွက် ဆုံးရှုံးမှုကြီးတစ်ရပ်လို့ KNDF က ပြောဆိုထားပါတယ်။

ဒါ့အပြင် KNDF အနေနဲ့ တော်လှန်ရေးရည်မှန်းချက် အောင်မြင်တဲ့အထိ အမှားအနည်းဆုံးဖြစ်အောင် တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး အရေးတော်ပုံ အောင်မြင်တဲ့အချိန် ကျဆုံးရဲဘော်တွေ အားလုံးအတွက် ထိုက်တန်စွာဂုဏ်ပြုသွားမယ်လို့ ကတိပြုပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခရိုနီ ဦးတေဇရဲ့သမီးအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းက အွန်လိုင်းဝက်ဆိုဒ်ကနေ ပြန်ဖယ်ရှား

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 6 Views
ဇူလိုင်လ (၁၈)ရက်။ ခရိုနီ ဦးတေဇရဲ့သမီးဖြစ်သူ ရေချယ်တေဇအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue Italia က အွန်လိုင်းဝက်ဆိုဒ်ကနေ ဖယ်ရှားခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးထုတ်လုပ်ဖို့ တရုတ် ပံ့ပိုးကူညီနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 10 Views
ဇူလိုင်လ (၁၈)ရက်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးတွေ ထုတ်လုပ်ဖို့ကို တရုတ်က ပံ့ပိုးကူညီနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က (၄၀)ဦးခန့်သေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 24 Views
ဇူလိုင်လ (၁၇)ရက်။ စစ်ကောင်စီစစ်ကြောင်းဟာ ကရင်ချောင်းတံတား(ကျွဲရိုင်းပြင်)ကိုဖြတ်ပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေကို အင်အားသာလွန်စွာနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းက စစ်တောင်းမြစ်အနောက်ဘက်ကမ်းကနေ အင်အားဖြည့်ပြီးတော့ ကရင်ချောင်းတံတား(ကျွဲရိုင်းပြင်)ကိုဖြတ်ပြီး အရှေ့ဘက်ကမ်းက တော်လှန်ရေးတပ်ဖွဲ့တွေကို
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ပကဖရဲဘော်ဇနီးမောင်နှံနဲ့ CDM တစ်ဦးအပါအဝင် (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 20 Views
ဇူလိုင်လ (၁၇)ရက်။ ဇူလိုင်လ (၁၅)ရက်နေ့ ည (၁၀)နာရီအချိန်ခန့်က ရေစကြိုမြို့ ကမ္ဘဲ့ရွာကို စစ်ကောင်စီတပ်ရဲ့ ခလရ(၂၅၈)ကနေ (၈၀)မမ (၂)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစက ပစ်လိုက်တဲ့
မြန်မာသတင်း

အာဆီယံရဲ့ စစ်အုပ်စုအပေါ် တိုက်ရိုက်ရှုတ်ချတာနဲ့ အရေးယူတာမရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 16 Views
ဇူလိုင်လ (၁၇)ရက်။ (၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးရဲ့ ပူးတွဲကြေညာချက်ထဲ စစ်အုပ်စုအပေါ် ရှုတ်ချတာနဲ့ အရေးယူတာ မရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇူလိုင်လ (၉)ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ
မြန်မာသတင်း

စစ်ကြောင်းတွေခွဲပြီး မြေပြင်၊ ဝေဟင် တိုက်ခိုက်ကာ နောင်ချိုမြို့ကို ပြန်လည်ရရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 16 Views
ဇူလိုင်လ (၁၇)ရက်။ မြေပြင်၊ ဝေဟင် စစ်ဗျူဟာတွေ ပေါင်းစပ်ကာ စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကစပြီး အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးနဲ့
မြန်မာသတင်း

ဗန်းမောက်မြို့မှာ SNA ကင်းစခန်း တိုက်ခိုက်ခံရပြီး (၃)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 22 Views
ဇူလိုင်လ (၁၆)ရက်။ ဇူလိုင်လ (၁၄)ရက်နေ့က ဗန်းမောက်မြို့ မြစ်သေးချင်းရွာအနီး ရှမ်းနီအမျိုးသားတပ်မတော်(SNA)ရဲ့ ကင်းစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ကသာခရိုင်အမှတ်(၄)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SNA က မြစ်သေးချင်းရွာအနီး နယ်မြေချဲ့ထွင်ကာ အထိုင်ချထားတဲ့ ကင်းစခန်းကို ကသာခရိုင်အမှတ်(၄)တပ်ရင်းက
မြန်မာသတင်း

ဝန်ကြီးအများစု ပြည်တွင်းမှာ အလုပ်လုပ်နေကြပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 24 Views
ဇူလိုင်လ (၁၆)ရက်။ ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားနယ်မြေတွေမှာ ဝန်ကြီးအများစုဟာ အလုပ်လုပ်နေကြပြီလို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ အခုရက်ပိုင်းထဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အများက ပြောကြတယ်။ NUG ကို အားမရဘူးဆိုပြီး။ ကျနော်တို့လည်း အစွမ်းကုန်