မတ်လ (၁၆) ရက်။
ရခိုင်ပြည်နယ်၊ မြေပုံမြိုနယ်မှာ ဒီနေ့ မတ်လ (၁၆) ရက်နေ့ နေ့လည်ပိုင်းမှာစစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မိသားစု ၃ ယောက် သေဆုံးသွားပြီး ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒီနေ့ နေ့ခင်း ၁၂ နာရီခွဲလောက်မှာ စညှင်းရွာအနားရှိ စစ်ကောင်စီစခန်းက အနီးနားက ရွာတွေကို ပစ်ခတ်ခဲ့ရာ အဲ့ဒီထဲက လက်နက်ကြီးကျည်တစ်လုံးက မြေပုံမြိုနယ်၊ ဝဘော်ကြီးရွာသစ်ရွာက ဦးကျောင်ဝင်းကြီးရဲ့ လယ်တဲထဲကို ကျရောက်ပေါက်ကွဲသွားတယ်လို့ သိရပါတယ်။
အဲ့ဒီလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လယ်တဲထဲမှာ ရှိနေတဲ့ ဦးကျော်ဝင်းကြီး၊ ကိုမောင်ရဲလင်းနဲ့ မမေနီဝင်း တို့ ၃ ဦးဟာ နေရာမှာပဲ သေဆုံးလားပြီး မစောနှင်းဖြူကတော့ ဒူးနှစ်ဖက်စလုံးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။