မတ်လ (၁၆) ရက်။
ဒီကနေ့ မတ်လ ၁၆ ရက်နေ့ မနက် ၉ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ မင်းပြားမြိုက စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့ စာသင်ကျောင်းတခုလုံး ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မတ်လ (၆) ရက်နေ့ ည ၁၁ နာရီကလည်း စစ်ကောင်စီက မင်းပြားမြို့နယ်က အမ်းသားရွ ာစာသင်ကျောင်းကို ပေါင်၂၀၀ ဗုံး (၄) လုံးကြဲချခဲ့တဲ့အတွက် စာသင်ကျောင်း ပျက်စီးသွားခဲ့ရပါတယ်။
ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ ည ၁ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ မင်းပြားမြိုနယ်၊ မင်းဖူးဆေးရုံကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်လို ဆေးရုံတစ်ရုံလုံး ပျက်စီးသွားတဲ့အပြင် အရပ်သားပြည်သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဒဏ်ရာရစစ်သုံ့ပန်းတွေနဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေပါ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၁ နာရီ ၂၅ မိနစ်အချိန်မှာ မင်းပြားမြိုနယ်၊ သေကန်ရွာကို စစ်ကောင်စီက ရည်ရွဟ်ချက်ဟိဟိ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းအပါအဝင် ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေပျက်စီးခဲ့ရပြီး အရပ်သားပြည်သူ ၃၀ ခန့်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။