နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပိုမိုအားကောင်းတဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ လိုတယ်လို့ NUG တည်ထောင်တဲ့ (၃)နှစ်ပြည့်တဲ့နေ့မှာ NUCC သ၀ဏ်လွှာပေးပို့

ဧပြီလ (၁၆)ရက်။

ပိုမိုအားကောင်းပြီး ကျစ်လစ်ထိရောက်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ လိုအပ်တယ်လို့ NUCC က ဒီကနေ့မှာကျရောက်တဲ့ NUG တည်ထောင်တဲ့ (၃)နှစ်ပြည့်တဲ့နေ့မှာ သ၀ဏ်လွှာပေးပို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ပြည်သူနဲ့ အနီးဆုံးမှာရှိပြီး လုပ်ငန်းယန္တရားတွေကို အခုထက်ပိုပြီး စနစ်တကျ အုပ်ချုပ်လည်ပတ်နိုင်ဖို့နဲ့ မြေပြင်အခြေအနေတွေကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ကာ ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ ကြိုးစားသွားဖို့ ဆိုပါတယ်။

မူဝါဒရေးရာ ကိစ္စရပ်တွေမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့အညီ NUCC ရဲ့ ညှိနှိုင်းသ‌ဘောတူညီမှုနဲ့ ဆောင်ရွက်ရမှာဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို အလေးအနက်ထားလုပ်ဆောင်ဖို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် NUG ဖွဲ့စည်းတဲ့ (၃)နှစ်ပြည့်တဲ့နေ့မှာ ယာယီသမ္မတ၊ ပြည်ထောင်စု၀န်ကြီးချုပ်နဲ့အတူ ၀န်ကြီး၊ ဒု၀န်ကြီးတွေနဲ့ ၀န်ထမ်းတွေရဲ့ စွန့်လွှတ်အနစ်နာခံတာတွေအတွက် ဂုဏ်ယူတယ်လို့ NUCC က ပြောဆိုထားပါတယ်။

တော်လှန်ရေး အမြန်ဆုံးအောင်မြင်ပြီး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဆက်လက်လက်တွဲကြိုးပမ်းနိုင်ဖို့ကို ဆုမွန်ကောင်းတောင်းထားပါတယ်။

NLD ပါတီကလဲ NUG (၃)နှစ်ပြည့်တဲ့နေ့မှာ သ၀ဏ်လွှာပေးပို့ထားပြီး စစ်ကောင်စီ အကျပ်အတည်းကျရောက်နေတဲ့ အခုအချိန်မှာ ပြည်သူရဲ့ မျှော်လင့်ချက်တွေ ပြည့်မီအောင် အကောင်အထည်ဖော်ရမယ့် အချိန်ကောင်းဖြစ်တယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လိမ်လည်အလှူခံတာတွေကို သတိထားကြဖို့နဲ့  KNDF အသိပေးထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 7 Views
နိုဝင်ဘာလ (၇)ရက်။ တပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို အသုံးပြုပြီး လိမ်လည်အလှူခံတာနဲ့ ပြည်သူတွေ ယုံကြည်မှုယုတ်လျော့အောင် မသမာသူတွေက ပြုလုပ်နေတယ်လို့ KNDF ရဲ့
မြန်မာသတင်း

မြန်မာ့ရိုးရာအတာသင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ပဏာမစာရင်းမှာပါဝင်လာ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 2 Views
နိုဝင်ဘာလ (၇)ရက်။ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ပမာဏစာရင်းမှာ ပါဝင်လာတယ်လို့ စစ်ကောင်စီရဲ့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်ရောက် စစ်ခေါင်းဆောင်က လာအိုနဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲလုပ်မယ့်အကြောင်း ပြောဆိုခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 5 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က တရုတ်နိုင်ငံ၊ ကူးမင်းမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာအိုနဲ့ ကမ္ဘောဒီးယားတို့က ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို
မြန်မာသတင်း

ညီနောင်(၃)ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလိုလားမှသာ ဆွေးနွေးနိုင်မယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 6 Views
နိုဝင်ဘာလ (၇)ရက်။ ညီနောင်(၃)ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ အနေနဲ့ ငြိမ်းချမ်းရေးလိုလားမှသာ ဆွေးနွေးနိုင်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တရုတ်ဝန်ကြီးချုပ် H.E Mr. Li Qiang နဲ့
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးပျက်စီးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 9 Views
နိုဝင်ဘာလ (၆)ရက်။ ဒီကနေ့ နံနက် (၈)နာရီခန့်က ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force(WTRF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ဝမ်းတွင်းကနေ
မြန်မာသတင်း

ဇီးကုန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချထားတဲ့တပ်စခန်း တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 6 Views
နိုဝင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၃)ရက်နေ့ ည(၇)နာရီခန့်က ဇီးကုန်းမြို့နယ် ဘေယ်ဘင်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ BTZM GBK-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘော်ဘင်ရွာမှာ စစ်ကောင်စီအထိုင်ချထားတဲ့
မြန်မာသတင်း

ကနီမြို့က ပညာရေးဘုတ်အဖွဲ့တာဝန်ခံ မိသားစု(၃)ဦး သတ်ဖြတ်ခံရတဲ့အပေါ် တရားမျှတမှုရဖို့ ကြိုးပမ်းမယ်လို့ NUG ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 3 Views
နိုဝင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၄)ရက်နေ့ ညပိုင်းအချိန်က ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေးအပါအဝင် မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆရာဦးဝင်းဌေးဟာ တပုန်းကျေးရွာနေအိမ်မှာ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေနဲ့
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းသူတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 4 Views
နိုဝင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၄)ရက်နေ့ နေ့လယ်(၁)နာရီခန့်က ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စုရှိ ကံကလေးကျေးရွာက ကျော်မင်းထွန်း(ခ)ဖိုးနီဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF-၃၆၀၁ တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက ကံကလေးရွာမှာ အကြမ်းဖက်စကစအတွက် စစ်မှုထမ်းဖို့