နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ရှောင်တွေနဲ့ စည်းကားလာတဲ့ရန်ကုန်

++++++++++++++++++++++

သြဂုတ်လ (၁၆) ရက်။

ရန်ကုန်မှာ ဓာတ်ဆီရဖို့ မနက် အစောကြီး ၃ နာရီလောက်ထပြီး တန်းစီတာ ညနေ ၅ နာရီလောက်မှ ရတယ်လို့ ရန်ကုန်ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန်ဒေသခံတစ်ဦး ပြောပြတဲ့ ရန်ကုန်အကြောင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ရန်ကုန်ကတော့ အကျပ်အတည်းကြီးကြီးတစ်ခုကို ဦးတည်နေပြီလို့ယူဆရပါတယ်။ စီးပွားရေး၊ နေထိုင်ရေး၊ စားဝတ်နေရေး အကျပ်အတည်းတွေပါ။ လူတွေရဲ့သည်းခံစိတ်က နည်းလာနေပြီ။ ဘယ်သူ့ကိုဆိုတာထက် ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိကြတော့ ကြုံရင် ကြုံသလို မင်းအောင်လှိုင်ကို ဆဲကြတာပေါ့။

ရန်ကုန်မှာ စားသောက်ကုန်တွေ၊ သွင်းကုန်ပစ္စည်းတွေ ရှားလာနေပြီး ဈေးလည်းအရမ်းကြီးနေပြီ။ လူတွေက စားသုံးဆီနဲ့ ကားသုံးဆီ နှစ်ခုကို တန်းစီနေတာနဲ့အချိန်ကုန်နေပါတယ်။ ပိုက်ဆံရှိရင် ကားနဲ့တန်းစီပြီး အောက်ခြေက လူတွေကတော့ စားသုံးဆီ တန်းစီရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် တန်းစီကြရတာပါပဲ။

အခု ဒေါ်လာတွေ တက်တော့ ကုန်တင်သွင်းရတာ ခက်လာတာပေါ့။ နောက်ပြီး ရေကြီးပြီး လယ်တွေမြှပ်ကုန်တာရယ် စစ်ဖြစ်လို့ မစိုက်ပျိုးနိုင်တာရယ် အားလုံးပေါင်းရင် လာမယ့်ရာသီ စပါးပေါ်ချိန်ကစလို့ လူတွေ စားသောက်ရေးခက်တော့မယ်လို့ မြင်မိတယ်။

နယ်စုံကလူတွေက ရန်ကုန်မှာ ပြန်ဆုံကြမယ် ဆိုသလို အကုန်စုလာတော့ သူတို့က လိုသမျှ ဝယ်တာရယ် အခန်းတွေ ကြိုက်ဈေးပေးငှားတာကြောင့် အခန်းငှားရမ်းခတွေက မတန်တဆတွေ ဖြစ်လာပြီး အားလုံးကို ရိုက်ခတ်နေပြန်ရော။

ရန်ကုန်မှာလေ ရခိုင်၊ တနင်းသာရီ၊ ချင်း၊ စစ်ကိုင်း၊ ရှမ်းမြောက် လာရှိုး၊ မန်းလေး မေမြို့ အဲ့ကလူတွေ အကုန်အလည်ရောက်နေကြပြီ။ အထူးသဖြင့် ငွေကြေးတတ်နိုင်သူတွေပေါ့။

နယ်ကလူတွေလာရင် ရန်ကုန်မှာ တောမှာလို တွေ့ကရာ အမှိုက်ပစ်တဲ့ပြဿနာ၊ စည်းမရှိကမ်းမရှိ ကားမောင်းတာတွေကတော့ အသေးအမွှား ဖြစ်သွားပါပြီ။ ဒီကလူတွေက အရင်ကတည်းကမှ ထမင်းနပ်မှန်ဖို့ မနည်းရုန်းနေကြရတာပါ။

ရန်ကုန်ကလေ တောကြီး ဖြစ်နေတာကြာပြီ။ ကျွန်တော်က လှည်းတန်းမှာ ကြီးလာပေမယ့် အခု လှည်းတန်းနဲ့ သူစိမ်းလို ဖြစ်နေပြီ။ ရွာက အမျိုးတွေ တရုန်းရုန်းနဲ့ အပြင်တောင် မထွက်ရဲတော့ဘူး။

စစ်ဖြစ်နေတဲ့ နိုင်ငံရဲ့ စီးပွားရေးမြို့တော်ဆိုပြီး ကျီးလန့်စာစားနေကြမယ်မထင်နဲ့နော်။ လှည်းတန်းနဲ့ စမ်းချောင်းမှာ မော်ဒယ်ရှိုး ပြနေသလိုပဲ။ စမ်းချောင်း မြေနီကုန်းကတစ်ချို့ နေရာတွေဆို ညနေရောက်လာတာနဲ့ စည်ကားနေတာ တစ်ချို့ အာရှမြို့တွေက pub & bar တွေ စုနေသလိုပါပဲ။

ရွာကလူတွေ ရန်ကုန်ကို ရောက်လာကြတာ သူဌေးသားသမီးတွေလည်း ပါတော့ ရန်ကုန်ကလူတွေက တောသားတွေလို ဖြစ်ပြီး သူတို့က ကိုရီးယား မင်းသားမင်းသမီးလိုလို ဘာလိုလို စတိုင်တွေနဲ့ပေါ့။

ဒါပေမယ့် ခဏပါပဲ သူတို့အားလုံး ဂျပန်စာသင်ပြီး ဂျပန်ကို သွားကြတော့မှာပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 4 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 51 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ
မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး
မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 32 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက  တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့