နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓါးပြတိုက်ခဲ့သူတွေ ဖမ်းမိပြီလို့ စစ်ကောင်စီထုတ်ပြန်

စက်တင်ဘာလ (၁၆)ရက်။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓါးပြတိုက်ခဲ့သူတွေထဲက (၆)ဦးကို ဖမ်းဆီးရမိခဲ့ပြီလို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စက်တင်ဘာလ (၁၀)ရက်နေ့က ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေ၀င်းဟာ မန္တလေးမြို့ထဲက ရွှေဆိုင် (၃)ဆိုင်ကို သွားရောက်ဖို့ ရွှေထည်ပစ္စည်းတွေနဲ့ ငွေသားတွေကို ကားပေါ်တင်နေချိန် အမျိုးသား (၇)ဦးက သေနတ်တွေနဲ့ ဓါးပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

ဓါးပြတိုက်ခံရတာကြောင့် ရွှေ (၁၀)ပိဿာကျော်နဲ့ ငွေကျပ်သိန်း (၁၀၀၀)ခန့် ပါသွားတယ်လို့ သိရပြီး ကျူးလွန်သူတွေလို့ဆိုထားတဲ့ (၇)ဦးထဲက (၆)ဦးကို စက်တင်ဘာလ (၁၄)ရက်နဲ့ (၁၅)ရက်တို့မှာ ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဓါးပြတိုက်တဲ့သူ (၇)ဦးဟာ အသက် (၂၅)နှစ်ကနေ (၄၆)နှစ်အထိပါ၀င်ပြီး (၆)ဦးကို ဖမ်းမိခဲ့ကာ တစ်ဦး ထွက်ပြေးလွတ်မြောက်နေတာကြောင့် ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ရေးသားထားပါတယ်။

ဖမ်းမိတဲ့သူတွေဆီကနေ ကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ Glock အမျိုးအစား ပစ္စတိုသေနတ်တစ်လက်နဲ့ Kimber Custom အမျိုးအစား သေနတ်တစ်လက်၊ ကျည် (၁၄)တောင့်အပါအ၀င် လုယက်သွားတဲ့ ရွှေထည်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ ဖမ်းဆီးရမိသူတွေရဲ့ ဓါတ်ပုံတွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ဖော်ပြထားတာကို တွေ့ရပြီး သိမ်းဆည်းရမိတဲ့ ရွှေထည်တွေနဲ့ ငွေသား ပမာဏကိုတော့ ထည့်သွင်းထုတ်ပြန်ထားတာ မရှိပါဘူး။

စစ်ကောင်စီလက်ထက် အာဏာသိမ်းချိန်ကစပြီး နေပြည်တော်အပါအ၀င် ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာ လုယက်သတ်ဖြတ် ဓါးပြတိုက်တာတွေဟာ မကြာခဏဆိုသလို ဖြစ်ပေါ်နေတာကြောင့် လူနေမှုဘ၀လုံခြုံရေး စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာထောင်မှာ CDM နိုင်/ကျဉ်းတွေကို Non-CDM လုပ်ဖို့ ဖိအားပေးလက်မှတ်ထိုးခိုင်း

  • 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 3 Views
အောက်တိုဘာလ (၆)ရက်။ မုံရွာအကျဉ်းထောင်ထဲက CDM ပြုလုပ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက Non-CDM ပြုလုပ်ဖို့ ဖိအားပေးနေတယ်လို့ PPNM ရဲ့
မြန်မာသတင်း

တလထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၅၀)အထိရှိခဲ့၊ အရပ်သား (၂၀၀)ကျော်သေဆုံးပြီး (၃၀၀)ကျော်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 3 Views
အောက်တိုဘာလ (၆)ရက်။ စက်တင်ဘာလထဲ တိုင်းနဲ့ပြည်နယ် (၉)ခုမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ စုစုပေါင်း (၃၅၀)အထိရှိခဲ့တယ်လို့ Blood Money Campaign
မြန်မာသတင်း

နောင်ချိုတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအပါအဝင် ဗုံးအလုံး (၆၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 3 Views
အောက်တိုဘာလ (၆)ရက်။ မနေ့က နောင်ချိုတိုက်ပွဲထဲ စစ်ကောင်စီက လေကြောင်းကနေ အဆိပ်ငွေ့ဗုံးအပါအဝင် ဗုံး (၅၉)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ နောင်ချိုမြို့မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အမြောက်တပ်(၃၅၄)တပ်စခန်းနေရာကို Y-12
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 3 Views
အောက်တိုဘာလ (၆)ရက်။ မနေ့က ည (၇)နာရီခွဲအချိန်မှာ ဒီပဲယင်းမြို့နယ်ထဲ စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ပစ်ခတ်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ည (၇)နာရီ (၂၀)မိနစ်မှာ ဒီပဲယင်းနယ်တစ်နေရာနဲ့ တင်းတိမ်ရံနားတဝိုက်ကို ‌စခတွေက ‌ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

ငါန်းဇွန်မြို့ရှိ ကွတ်ကီးစက်ရုံတစ်ရုံ ဓါးပြတိုက်ခံရ၊ ငွေကျပ် သိန်း (၃၀၀)ခန့်နဲ့ ကားတစ်စီးပါသွား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 8 Views
အောက်တိုဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၇)နာရီဝန်းကျင်ခန့်က ငါးဇွန်မြို့နယ်ရှိ Myanmar Ding Wang ကွတ်ကီးစက်ရုံ ဓါးပြတိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီသတင်းတွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။ “ နံနက် (၆)နာရီ (၅၅)မိနစ်လောက်မှာ စက်ရုံကို လက်နက်ကိုင်လူတစုရောက်လာပြီး
မြန်မာသတင်း

တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး တပ်ရေးဗိုလ်ကြီးတစ်ဦးအပါအဝင် (၄)ဦး ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 9 Views
အောက်တိုဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၃)နာရီ (၄၀)မိနစ်အချိန်က တောင်ငူမြို့ရှိ စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်ငူမြို့က စစ်ရှုံးစစ်ကောင်စီရဲ့
မြန်မာသတင်း

လားရှိုးမြို့ ကွန်ပျူတာတက္ကသလိုအနီးကို စစ်ကောင်စီက ဗုံး (၄)ကြိမ် ကြဲချ၊ အဆောက်အဦးအများအပြား ထိခိုက်တာတွေရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 7 Views
အောက်တိုဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က လားရှိုးမြို့၊ မယ်ဟန် ကွန်ပျူတာတက္ကသိုလ်အနီးတဝိုက်ကို စစ်ကောင်စီက ဗုံး (၄)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မယ်ဟန် ကွန်ပျူတာတက္ကသိုလ်အနီးကို ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်တာ
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ဖို့ နိုင်ငံတကာကို ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 11 Views
အောက်တိုဘာလ (၅)ရက်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်က ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ဖို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအထွေထွေညီလာခံမှာ တောင်းဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာဏာသိမ်းစစ်တပ်က ပြင်ဆင်နေတဲ့ ဘယ်လိုရွေးကောက်ပွဲမဆို လွတ်လပ်မျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ