နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမေရိကန်ကာကွယ်ရေးဝန်ကြီး အမည်စာရင်းတင်သွင်းခံရသူ ပိ့ဟက်ဂ်ဆက် အပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု စွပ်စွဲချက်များ ထွက်ပေါ်လာ

နိုဝင်ဘာလ (၁၆) ရက်၊ CNN ဂျပန်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ကာကွယ်ရေးဝန်ကြီးအဖြစ် Fox News ၏ အစီအစဉ် တင်ဆက်သူ ပိ့ဟက်ဂ်ဆက် (Pete Hegseth) ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း ၁၂ ရက်နေ့က ကြေညာခဲ့သည်။ ၄၈ နာရီအတွင်း ထရန့်၏ အာဏာကူးပြောင်းရေးအဖွဲ့သည် ဟက်ဂ်ဆက် နှင့်ပတ်သက်သည့်လိင်ပိုင်းဆိုင်ရာစော်ကားမှုစွပ်စွဲချက်များကိုလက်ခံရရှိခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်ထရေး (Monterey) ကောင်တီတွင် ရဲများ၏ စုံစမ်းစစ်ဆေးချက် ရှင်းလင်းတင်ပြမှုတွင် ဖော်ပြထားသည့်အချက်နှင့် ထရန့်၏ အာဏာကူးပြောင်းရေးအဖွဲ့အား ပို့ပေးသည့် အချက်အလက်နှင့် ကိုက်ညီနေသည်။ အဆိုပါဖြစ်ရပ်သည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော “ လိင်ပိုင်းဆိုင်ရာ စော်ကားမှု” ဖြစ်ပြီး ဟက်ဂ်ဆက်လည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်ပွားချိန်တွင် ဟက်ဂ်ဆက်သည် ကယ်လီဖိုးနီးယား ရီပတ်ဘလစ်ကန် အမျိုးသမီးအဖွဲ့မှ စီစဉ်သည့် လူထုစည်းဝေးပွဲ၌ ဟောပြောသူအဖြစ်ပါဝင်ခဲ့သည်။ အခင်းဖြစ်ပွားရာ ပုံရိပ်ကို ချီတက်ပွဲ စီစဉ်သူများက ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့သည်။

ဟက်ဂ်ဆက်သည် ၂၀၁၇ ခုနှစ်ကတည်းက မွန်ထရေး (Monterey) ကောင်တီတွင် မည်သည့်ရာဇ၀တ်မှု အတွက်နှင့်မှ တရားစွဲဆို ခံရခြင်း မရှိဘဲ အရပ်ဘက်အမှုတွင်လည်း တရားခံ မဖြစ်ခဲ့ဖူးပါ။ ၎င်း၏ရှေ့နေက ဟက်ဂ်ဆက်သည် မည်သည့်အမှားအယွင်းကိုမျှ ကျူးလွန်ထားခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

သို့သော်လည်း စွပ်စွဲချက်များကို သမ္မတ၏လက်ထောက် အိမ်ဖြူတော်အရာရှိချုပ် ဆူဇီဝိုင်းလ်စ် (Susie Wiles) သည် နိုဝင်ဘာလ ၁၄ ရက်နေ့၌ ဟက်ဂ်ဆက်ကိုဖုန်းဆက်ကာ ယင်းကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရန် တွန်းအား ပေးခံရသည်ဟု သတင်းရင်းမြစ်တစ်ခုက CNN သို့ပြောသည်။ ဟက်ဂ်ဆက်အား အသွင်ကူးပြောင်းရေးအဖွဲ့ အနေနှင့် သိထားသင့်သည့် အခြားပြဿနာများ ရှိ၊ မရှိ မေးမြန်းခဲ့ကြောင်း ဝိုင်းလ်စ်က ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးအဖြစ် ဟက်ဂ်ဆက်၏အမည်စာရင်းတင်သွင်းခြင်းကို ပြင်ပမှ နောက်ခံစစ်ဆေးမှု တစ်စုံတစ်ရာမရှိဘဲ ကြေညာခဲ့သည်။

အဆိုပါစွပ်စွဲချက်များ ထွက်ပေါ်လာခြင်းသည် အံ့အားသင့်စရာ ဖြစ်သော်လည်း ထရန့်နှင့် ၎င်း၏ အာဏာကူးပြောင်းရေးအဖွဲ့နှစ်ဖွဲ့စလုံးက အမည်စာရင်းတင်သွင်းခြင်းလုပ်ငန်းစဉ်ကို ရှေ့ဆက်လုပ်ဆောင် သွားရန် ရည်ရွယ်ထားကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

သို့သော်လည်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဟက်ဂ်ဆက်သည် နောက်ဆုံးတွင် အမည်စာရင်းတင်သွင်းခြင်းကို ငြင်းပယ်လိမ့်မည်ဟု ထရန့်၏အသိုင်းအဝိုင်းတွင် လူသိရှင်ကြား ထင်ကြေးပေးမှုများ ရှိခဲ့သည်။ နောင်တွင် ပို၍ အဆင်မပြေသည့် အချက်အလက်များကို ထုတ်ပြန်လာမည်ကို အချို့က စိုးရိမ်နေကြသည်။

သို့သော်လည်း ထရန့်၏ ပြန်ကြားရေးတာဝန်ခံ စတီဗင်ချန်း (Stephen Chan) ၏ CNN သို့ ထုတ်ပြန်ချက်တွင် ဟက်ဂ်ဆက်ကို ခုခံကာကွယ်ခဲ့သည်။ မည်သည့်စွပ်စွဲချက်ကိုမဆို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပြီး တစ်ကြိမ်မှ တရားစွဲဆိုခံရဖူးခြင်း မရှိကြောင်း အခိုင်အမာဆိုခဲ့သည်။

“သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုချက်ရရှိမှုကို စောင့်မျှော်နေပါတယ်၊ ဒါမှ သူရဲ့ ပထမဆုံး ရာထူးလက်ခံတဲ့နေ့မှာ အမေရိကကို ဘေးကင်းပြီး ကြီးကျယ်ခမ်းနားတဲ့နိုင်ငံ နောက်တခေါက် ပြန်ဖြစ်လာအောင် စွမ်းဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်” ဟု ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ ရှမ်းမြောက်မှာ MNDAA၊ TNLA တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 15 Views
ဧပြီလ (၈)ရက်။ အခုလ ပထမအပတ်က KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့အဖွဲ့ဟာ ရှမ်းမြောက်က ဒေသတွေကို သွားရောက်ခဲ့တယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

မန္တလေးမှာ ကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေ စစ်ကောင်စီ ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 15 Views
ဧပြီလ (၈)ရက်။ ဧပြီလ (၆)ရက်နေ့က မန္တလေးမှာ ငွေကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကိုယ်စားလှယ်အချို့ ကန့်ကွက်တာရှိပေမယ့် မင်းအောင်လှိုင်စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အောင်လင်းဒွေး အတည်ပြု

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 15 Views
ဧပြီလ (၈)ရက်။ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အတည်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မင်းအောင်လှိုင် စီမံထားတဲ့ ဝန်ကြီးဌာနတွေထဲမှာ ဟိုတယ်/ခရီးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဆိုပြီး ပေါင်းစပ်ဖွဲ့စည်းထားတဲ့အပေါ် သီးခြားစီ ဖွဲ့စည်းဖို့
မြန်မာသတင်း

မင်းအောင်လှိုင်ချွေးမ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ JFM တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 9 Views
ဧပြီလ (၈)ရက်။ မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်တဲ့ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ Justice for Myanmar(JFM)က မနေ့က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ မိသားစုဟာ မတရားရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေကို ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာသန်းချီတန် တန်ဖိုးကြီး
မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 32 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး အလင်းဝင်လာတဲ့ စကမတပ်သားက ခင်ဦးမြို့နယ် အထကမှာ အထိုင်ချတပ်စွဲနေတာ။ သူက UG အဖွဲ့နဲ့
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။ “ မုံရွာ နမခဘက်ကနေ အသေခံဒရုန်းတစီးနဲ့ ဒီပဲယင်းနယ်အနောက်ခြမ်း အင်ပင်ရွာထဲကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်သွားတာ။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 88 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။