နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမေရိကန်ကာကွယ်ရေးဝန်ကြီး အမည်စာရင်းတင်သွင်းခံရသူ ပိ့ဟက်ဂ်ဆက် အပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု စွပ်စွဲချက်များ ထွက်ပေါ်လာ

နိုဝင်ဘာလ (၁၆) ရက်၊ CNN ဂျပန်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ကာကွယ်ရေးဝန်ကြီးအဖြစ် Fox News ၏ အစီအစဉ် တင်ဆက်သူ ပိ့ဟက်ဂ်ဆက် (Pete Hegseth) ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း ၁၂ ရက်နေ့က ကြေညာခဲ့သည်။ ၄၈ နာရီအတွင်း ထရန့်၏ အာဏာကူးပြောင်းရေးအဖွဲ့သည် ဟက်ဂ်ဆက် နှင့်ပတ်သက်သည့်လိင်ပိုင်းဆိုင်ရာစော်ကားမှုစွပ်စွဲချက်များကိုလက်ခံရရှိခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်ထရေး (Monterey) ကောင်တီတွင် ရဲများ၏ စုံစမ်းစစ်ဆေးချက် ရှင်းလင်းတင်ပြမှုတွင် ဖော်ပြထားသည့်အချက်နှင့် ထရန့်၏ အာဏာကူးပြောင်းရေးအဖွဲ့အား ပို့ပေးသည့် အချက်အလက်နှင့် ကိုက်ညီနေသည်။ အဆိုပါဖြစ်ရပ်သည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော “ လိင်ပိုင်းဆိုင်ရာ စော်ကားမှု” ဖြစ်ပြီး ဟက်ဂ်ဆက်လည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်ပွားချိန်တွင် ဟက်ဂ်ဆက်သည် ကယ်လီဖိုးနီးယား ရီပတ်ဘလစ်ကန် အမျိုးသမီးအဖွဲ့မှ စီစဉ်သည့် လူထုစည်းဝေးပွဲ၌ ဟောပြောသူအဖြစ်ပါဝင်ခဲ့သည်။ အခင်းဖြစ်ပွားရာ ပုံရိပ်ကို ချီတက်ပွဲ စီစဉ်သူများက ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့သည်။

ဟက်ဂ်ဆက်သည် ၂၀၁၇ ခုနှစ်ကတည်းက မွန်ထရေး (Monterey) ကောင်တီတွင် မည်သည့်ရာဇ၀တ်မှု အတွက်နှင့်မှ တရားစွဲဆို ခံရခြင်း မရှိဘဲ အရပ်ဘက်အမှုတွင်လည်း တရားခံ မဖြစ်ခဲ့ဖူးပါ။ ၎င်း၏ရှေ့နေက ဟက်ဂ်ဆက်သည် မည်သည့်အမှားအယွင်းကိုမျှ ကျူးလွန်ထားခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

သို့သော်လည်း စွပ်စွဲချက်များကို သမ္မတ၏လက်ထောက် အိမ်ဖြူတော်အရာရှိချုပ် ဆူဇီဝိုင်းလ်စ် (Susie Wiles) သည် နိုဝင်ဘာလ ၁၄ ရက်နေ့၌ ဟက်ဂ်ဆက်ကိုဖုန်းဆက်ကာ ယင်းကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရန် တွန်းအား ပေးခံရသည်ဟု သတင်းရင်းမြစ်တစ်ခုက CNN သို့ပြောသည်။ ဟက်ဂ်ဆက်အား အသွင်ကူးပြောင်းရေးအဖွဲ့ အနေနှင့် သိထားသင့်သည့် အခြားပြဿနာများ ရှိ၊ မရှိ မေးမြန်းခဲ့ကြောင်း ဝိုင်းလ်စ်က ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးအဖြစ် ဟက်ဂ်ဆက်၏အမည်စာရင်းတင်သွင်းခြင်းကို ပြင်ပမှ နောက်ခံစစ်ဆေးမှု တစ်စုံတစ်ရာမရှိဘဲ ကြေညာခဲ့သည်။

အဆိုပါစွပ်စွဲချက်များ ထွက်ပေါ်လာခြင်းသည် အံ့အားသင့်စရာ ဖြစ်သော်လည်း ထရန့်နှင့် ၎င်း၏ အာဏာကူးပြောင်းရေးအဖွဲ့နှစ်ဖွဲ့စလုံးက အမည်စာရင်းတင်သွင်းခြင်းလုပ်ငန်းစဉ်ကို ရှေ့ဆက်လုပ်ဆောင် သွားရန် ရည်ရွယ်ထားကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

သို့သော်လည်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဟက်ဂ်ဆက်သည် နောက်ဆုံးတွင် အမည်စာရင်းတင်သွင်းခြင်းကို ငြင်းပယ်လိမ့်မည်ဟု ထရန့်၏အသိုင်းအဝိုင်းတွင် လူသိရှင်ကြား ထင်ကြေးပေးမှုများ ရှိခဲ့သည်။ နောင်တွင် ပို၍ အဆင်မပြေသည့် အချက်အလက်များကို ထုတ်ပြန်လာမည်ကို အချို့က စိုးရိမ်နေကြသည်။

သို့သော်လည်း ထရန့်၏ ပြန်ကြားရေးတာဝန်ခံ စတီဗင်ချန်း (Stephen Chan) ၏ CNN သို့ ထုတ်ပြန်ချက်တွင် ဟက်ဂ်ဆက်ကို ခုခံကာကွယ်ခဲ့သည်။ မည်သည့်စွပ်စွဲချက်ကိုမဆို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပြီး တစ်ကြိမ်မှ တရားစွဲဆိုခံရဖူးခြင်း မရှိကြောင်း အခိုင်အမာဆိုခဲ့သည်။

“သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုချက်ရရှိမှုကို စောင့်မျှော်နေပါတယ်၊ ဒါမှ သူရဲ့ ပထမဆုံး ရာထူးလက်ခံတဲ့နေ့မှာ အမေရိကကို ဘေးကင်းပြီး ကြီးကျယ်ခမ်းနားတဲ့နိုင်ငံ နောက်တခေါက် ပြန်ဖြစ်လာအောင် စွမ်းဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်” ဟု ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိုး‌ဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 1 Views
ဇွန်လ (၁၃)ရက်။ မေလ (၇)ရက်နေ့က အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ တပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 13 Views
ဇွန်လ (၁၃)ရက်။ ဇွန်လ (၈)ရက်နေ့ကစပြီး (၁၂)ရက်နေ့အထိ (၅)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့
မြန်မာသတင်း

အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း(၇၂၀)ကျော် လျော့ကျခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 11 Views
ဇွန်လ (၁၃)ရက်။ မြဝတီ-ကော့ကရိတ် အမှတ်(၁) အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၇၂၂)သန်းခန့် လျော့ကျခဲ့တယ်လို့ ISP-Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာရှလမ်းမကြီးဟာ အခုအချိန်အထိ ပိတ်ထားဆဲဖြစ်ကာ နယ်စပ်ကုန်သွယ်မှု လျော့ကျတဲ့အခြေအနေဟာ
မြန်မာသတင်း

ကျောင်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ သင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 20 Views
ဇွန်လ (၁၃)ရက်။ ကျောင်းသား၊ ကျောင်းသူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ ‌သင်ကြားပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုရက်ပိုင်းထဲ ပြင်ဦးလွင်မြို့ကို သွားရောက်ချိန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံကိုတာဝန်ယူထားချိန် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကြောင့် ဒီမိုကရေစီစနစ်မှာ ဥပဒေကို
မြန်မာသတင်း

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 23 Views
ဇွန်လ (၁၂)ရက်။ နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့် နောင်ချိုမြို့ထဲ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဧပြီလ (၂၉)ရက်နေ့ကနေ
မြန်မာသတင်း

(၅)လတာထဲ မင်းတပ်မြို့မှာ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၁၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 23 Views
ဇွန်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကစပြီး ဇွန်လ (၁၁)ရက်နေ့အထိ မင်းတပ်မြို့ထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၈)ကြိမ်ရှိခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မင်းတပ်မြို့ထဲ ကြဲချခဲ့တဲ့ ဗုံးအရေအတွက်ဟာ (၄၁)လုံးရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေကို
မြန်မာသတင်း

ဖြူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၄)သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 30 Views
ဇွန်လ (၁၂)ရက်။ ဇွန်လ (၁၀)ရက်နေ့ ည (၉)နာရီ (၄၅)မိနစ်အချိန်က ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖြူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က
မြန်မာသတင်း

နမ္မတူမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 25 Views
ဇွန်လ (၁၂)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁)နာရီကျော်အချိန်က နမ္မတူမြို့ မန်လီရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မန်လီရွာကို စစ်ကောင်စီတပ်က