နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပါလက်စတိုင်းတွေကို အစ္စရေးစစ်တပ်က လူသားဒိုင်းအဖြစ်အသုံးပြုနေ

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက ဒူရာမြို့ကို အစ္စရေးစစ်တပ်က ဝင်ရောက် စီးနင်းချိန်မှာ လူသားဒိုင်းအဖြစ် မိမိကို အသုံးပြုခဲ့တယ်လို့ ပါလက်စတိုင်းစတိုးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ အစ္စရေးစစ်သားတွေဟာ လူသားဒိုင်းအဖြစ် ရှေ့က ကာပြီး သူ့ရဲ့ ပုခုံးပေါ်မှာ သေနတ်ကို တင်ထားတဲ့ဗီဒီယိုကို ဘာဟာအဘူရက်စ်က ထုတ်ပြခဲ့ပါတယ်။

အစ္စရေးစစ်သားတွေဟာ ဒူရာမြို့ကို စီးနင်းချိန်မှာ အဘူရက်စ်ကို သူ့ရဲ့ မိုဘိုင်းဖုန်းဆိုင်ကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး အဲဒီလိုစီးနင်းမှုကြောင့် ပါလက်စတိုင်းအရပ်သား နှစ်ဦးသေဆုံးခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဘူရက်စ်က “ ပါလက်စတိုင်းလူငယ်တွေက သူတို့ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်နေကြလို့ ကျတော့်ကို လူသားဒိုင်းအဖြစ် ခေါ်သွားတာပါ။ ကျတော့်ကို မြို့လယ်ခေါင်အထိ ခေါ်သွားခဲ့တာဖြစ်ပါတယ်”လို့ ပြောပြခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အစ္စရေးစစ်တပ်ကို ရိုက်တာသတင်းဌာနက အတည်ပြုမေးမြန်းခဲ့ရာမှာ ချက်ချင်းမှတ်ချက်မပေးခဲ့ပါဘူး။ အစောပိုင်းထုတ်ပြန်ချက်တွေမှာတော့ အစ္စရေးစစ်တပ်ဟာ စုဝေးနေတဲ့ လူ 100 လောက်ကို လူစုခွဲဖို့တွက် ပစ်ခတ်မှုတွေပြုလုပ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာပဋိပက္ခဖြစ်ပေါ်ခဲ့တဲ့ အောက်တိုဘာလ 7 ရက်နေ့က စပြီး ဂါဇာကမ်းမြောင်ထဲမှာ ဟားမက်စ်စစ်သွေးကြွတွေကို စီးနင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းကိုလည်း မကြာခဏ စီးနင်းတိုက်ခိုက်မှုတွေပြုလုပ်နေခဲ့တာပါ။

စစ်မက်ဖြစ်ပွါးရာနေရာတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုမှုကို နိုင်ငံတကာဥပဒေတွေအရ ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပြီး ဂါဇာထဲမှာလည်း ဟားမက်စ်တွေက အရပ်သားတွေနဲ့ အများပြည်သူအသုံးပြုနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ဒိုင်းသဖွယ်အသုံးပြုနေတယ်လို့ အစ္စရေးဘက်ကလည်း စွပ်စွဲထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် (၂)လသားအရွယ်အပါအဝင် (၃)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 15 Views
ဇန်နဝါရီလ (၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီခွဲကျော်အချိန်က ဝက်လက်နယ်တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 16 Views
ဇန်နဝါရီလ (၆)ရက်။ ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းကာ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်း ဗုံးကြဲခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 17 Views
ဇန်နဝါရီလ (၆)ရက်။ မနေ့က ည (၈)နာရီခွဲခန့်က ခင်ဦးနယ်အရှေ့ခြမ်း ကုန်းကြီးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ ခင်ဦးနယ်အရှေ့ခြမ်း လမ်းဆုံအရှေ့ဘက်က ကုန်းကြီးရွာစာသင်ကျောင်းကို လေကြောင်းကနေ ဗုံးလာကြဲသွားတာ။ အဲ့ဒီစာသင်ကျောင်းမှာက မန္တလေး
မြန်မာသတင်း

ဝန်းသိုမြို့နေပြည်သူတွေ အခုရက်ပိုင်းထဲ မြို့ထဲကနေ ထွက်ခွာပေးကြဖို့ WPDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 16 Views
ဇန်နဝါရီလ (၆)ရက်။ ဝန်းသိုမြို့ရှိ စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှာဖြစ်တာကြောင့် မြို့နေပြည်သူတွေ ထွက်ခွာပေးကြဖို့ ဝန်းသို-PDF က မနေ့က ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။ ဝန်းသိုမြို့ထဲ နေထိုင်နေတဲ့ ပြည်သူတွေကို ကောလင်းခရိုင်အမှတ်(၄)တပ်ရင်း-WPDF က ဇန်နဝါရီလ (၉)ရက်နေ့
မြန်မာသတင်း

မူးမြို့မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ (၃)ဦး KNLA ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 35 Views
ဇန်နဝါရီလ (၅)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့က မူးမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သား (၃)ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၃)ဦးဟာ စစ်တပ်ရဲ့
မြန်မာသတင်း

NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 29 Views
ဇန်နဝါရီလ (၅)ရက်။ ဒီဇင်ဘာလ (၂၈)ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ားချက်အရ သိရပါတယ်။ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ဟာ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of
မြန်မာသတင်း

ဆားလင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံကို စစ်တပ် လေကြောင်းဗုံးကြဲ၊ CDM ဆရာဝန်တဦးအပါအဝင် (၃)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 29 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ဆားလင်းကြီးမြို့အနောက်ခြမ်းရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က ဂိုင်ရိုကော်ပတာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ နွေဦးရောင်နီ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ နမခဘက်ကတက်လာတဲ့ ဂိုင်ရိုကော်ပတာ (၃)စီးနဲ့ ဆားလင်းကြီးအနောက်ခြမ်း မတောင့်တတိုက်နယ်ဆေးရုံကို ဗုံး(၃)ကြိမ်ကြဲသွားတာ။
မြန်မာသတင်း

ဟားခါးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် မိသားစုဝင် (၄)ဦး ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 21 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က ဟားခါးမြို့ရှိ ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မနေ့က ည (၁၂)နာရီကျော်လောက် Halta ရွာနဲ့ Haiphai ရွာကို