မတ်လ (၁၇) ရက် ၂၀၂၄ ခုနှစ်
မကြာသေးခင်ကလအတွင်း စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့အကြား ဆီဆိုင်မြိုနယ်နှင့် ဟိုပုံးမြိုနယ်တို့မှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
ဆီဆိုင်မြို့တိုက်ပွဲအတွင်းမှာ ဗမာပြည်သူ့လွတ်လပ်ရေးတပ်မတော် (BPLA) က ရဲဘော် နောင်နောင်ထက်ဟာ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ ညနေပိုင်းမှာ ကျဆုံးသွားခဲ့တယ်လို့ BPLA က မတ်လ (၁၃) ရက်နေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။