နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

သုံးရက်ကြာ ကျင်းပမည့် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် (၃) ရက်ကြာ ကျင်းပမည်

မတ်လ (၁၇) ရက်။

စုဖွဲ့မှုပုံစံအသစ်အတွက် ပြင်ဆင်ထားတဲ့ နိုင်ငံရေးဆိုင်ရာအဆိုပြုချက် (မူကြမ်း) နဲ့ စုဖွဲ့မှုအသစ်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း) ကို ဆွေးနွေးအတည်ပြုနိုင်ရေးဆောင်ရွက်မယ့် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့ရဲ့ မျက်နှာစုံညီအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီကနေ့ မတ်လ (၁၇) ရက်နေ့က စတင်ကျင်းပနေတယ်လို့ သိရပါတယ်။

အဲ့ဒီ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့ရဲ့ မျက်နှာစုံညီအစည်းအဝေးကို မတ် ၁၇ ရက်မှ မတ် ၁၉ ရက်အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအစည်းအဝေးမှာ သဘာပတိအဖြစ် RCSS/SSA ခေါင်းဆာင်ဗိုလ်ချုပ်ကြီးယွက်စစ်က ဆောင်ရွက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပြီး သူ့ရဲ့ အဖွင့်နှုတ်ခွန်းဆက်စကားကိုလည်း ဖော်ပြထားပါတယ်။

အဲ့ဒီ အဖွင့်နှုတ်ခွန်းဆက်စကားမှာ “ နိုင်ငံရေး၊စစ်ရေး၊အခြားအခြေအနေများက နေ့စဉ်နဲ့ အမျှပြောင်းလဲနေပြီး မိမိတို့ ခုနှစ်ဖွဲ့ထဲက တချို့အဖွဲ့ဆိုရင် တိုက်ပွဲဝင်နေတာ တွေ့ရှိခဲ့ပါတယ်။ ဒီအချက်တွေက လက်ရှိအခြေအနေကို မီးမောင်းထိုးပြတာဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေက ထိလွယ်ရှလွယ်တဲအနေအထားမှာ ရှိနေပါတယ်။ ယနေ့ကာလမှာ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ရေးဘောင်ကျယ်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မိမိတို့ ခုနှစ်ဖွဲ့အနေနဲ့ EAO (၁၂) ဖွဲ့လက်ခံထားတဲ့ ဖယ်ဒရယ်မူကို စွဲကိုင်ပြီး ရှေ့ခရီးကို ဆက်လက်ချီတက်မှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုထားပါတယ်။

” ဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း)ကို အတည်ပြုနိုင်ပါက စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းသွားဖို့ ရှိပါတယ်” လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောခဲ့ပါတယ်။

ဒါ့အပြင် အစည်းအဝေးမှာ လက်ရှိနိုင်ငံရေးအခြေအနေသုံးသပ်တာ အပါအဝင် အခြားအရေးပါတဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီးတော့ သူတို့ ခုနှစ်ဖွဲ့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေဒေသအသီးသီးမှာ မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာဖြစ်ကြောင်း၊ မိမိတို့ဒေသတွေ၊မှာ ရှိနေကြတဲ့ လူထုအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း မျက်နှာစုံညီအစည်းအဝေးရဲ့ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာမှာ ဗိုလ်ချုပ်ကြီး ယွက်စစ်က ထည့်သွင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တစ်ဆင့်ပြီး တစ်ဆင့် တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မိမိတို့ ခုနှစ်ဖွဲ့ကြားမှာ တူတာတွဲလုပ်၊ မတူတာခွဲလုပ်ဆိုတဲ့ မူအတိုင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“နျူဂျီဦးဆောင်တဲ့တော်လှန်ရေးမအောင်မြင်နိုင်တဲ့အကြောင်းရင်းများ”

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 23 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၆) ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးသုံးသပ်ချက်များတနင်္ဂနွေနေ့အစီအစဥ်ကို တင်ပြကြမှာဖြစ်ပါတယ်၊ ဒီအပတ်အထူးအစီအစဥ်အနေနဲ့ တင်ပြမှာကြတော့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းလို့ခံယူထားတဲ့ နျူဂျီအနေနဲ့ တော်လှန်ရေး အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၁၂)ဦးသေဆုံးတယ်လို MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ အခု (၂)လတာကာလထဲ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးမှာ တိုက်ပွဲပေါင်း (၁၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို MOD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

CDM ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စွပ်စွဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ အာဏာသိမ်းတာကြောင့် CDM လုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ရပ်စောက်မြို့တွေ့ဆုံပွဲမှာ စွပ်စွဲပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က နိုင်ငံ့အာဏာကို အတင်းအဓမ္မ သိမ်းယူဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 30 Views
အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က အထက်မင်းလှမြို့ရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG နဲ့ SRA တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 32 Views
နှစ်ဖက်အပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့ သဘောတူခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နေ့လယ် (၂)နာရီအချိန်က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီနဲ့ NUG တို့ Zoom Platform ကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးနိုင်ဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ‌အဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို NUG နဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့အနီးရှိ ကံတလူတိုးဂိတ် ဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 41 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်က စစ်ကိုင်းမြို့အနီး စစ်တပ်က လုံခြုံရေးယူပေးနေတဲ့ ကံတလူးတိုးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ “ ပြီးခဲ့တဲ့လတုန်းကလဲ အဲ့ဒီကံတလူတိုးဂိတ်ကို ပြောက်ကျားတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အခုလဲ စကမလုံခြုံရေးယူနေတဲ့ကြားက
မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 45 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လေကြောင်းတိုက်ခိုက်ခံရတာက အခုလ(၁)ရက်နဲ့ (၂)ရက်နေ့မှာပါ၊ တိုက်ခိုက်ခံရတာက ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(၄၇)တပ်စခန်းပါ၊