နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေးက အားရစရာအခြေအနေတခုကို ရောက်နေပြီလို့ NUG ပြော

ဇွန်လ (၁၇)ရက်။

ပြည်သူ့အင်အားနဲ့ ဆောင်ရွက်နေတဲ့ တော်လှန်ရေးက အားရစရာအခြေအနေတစ်ခုကို ရောက်ရှိနေပြီလို့ NUG ရဲ့ အိးဒ်ပွဲတော်နေ့ အထိမ်းအမှတ် ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။

အခုအချိန်က မြန်မာနိုင်ငံကို အကြမ်းဖက်စစ်တပ်က အဓမ္မသိမ်းယူထားပြီး စစ်အာဏာရှင်တို့အလိုကျ လက်နက်အားကိုးနဲ့ ပြည်သူတွေကို နေ့တိုင်း အကြမ်းဖက်နေတယ်လို့ ဆိုပါတယ်။

ဒီလိုအကြမ်းဖက်ဖို့ရန်လိုနေတဲ့ စစ်တပ်ကို ပြည်သူတရပ်လုံးက နည်းမျိုးစုံနဲ့ တော်လှန်နေပြီး တနေ့တခြား ဆိုးရွားလာတဲ့ အခြေအနေတွေကို သတိကြီးစွာ ကာကွယ်ရမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်းကလဲ ကျရာကဏ္ဍကနေ မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေကဏ္ဍမှာ ပါဝင်နေတဲ့အတွက် ဝမ်းသာဂုဏ်ယူရတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ခွင့်တူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ကို ပြည်သူနဲ့အတူ လက်တွဲဆောင်ရွက်သွားမယ်လို့ NUG က အသိပေးထားပါတယ်။

“ အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့မှာ အစ္စလာမ်ဘာသာဝင်အပေါင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြစေဖို့နဲ့ ဘေးအန္တရာယ်အပေါင်းကနေ ကင်းဝေးကြစေဖို့ သဝဏ်လွှာမှာ ဆုတောင်းမေတ္တာပို့သထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 13 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 12 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 22 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ
မြန်မာသတင်း

ဆားလင်းကြီးမြို့မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 37 Views
ဇွန်လ (၂၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စက်တပ်လေထီးတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “ မုံရွာနမခကနေ စကစက စက်တပ်လေထီး (၂)စီးနဲ့ ဗုံးသီးတွေကြဲချတာ။ စစ်သင်္ဘောတွေကလဲ မြစ်ကမ်းဘေး ဝဲ၊ယာက
မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 42 Views
ဇွန်လ (၂၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မှော်ဘီက အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ မှော်ဘီမြို့မရဲစခန်းက အစောင့်ရဲခွေးတွေကို အဝေးထိန်းမိုင်း(၂)လုံးကို
မြန်မာသတင်း

ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူတာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 28 Views
ဇွန်လ (၂၈)ရက်။ ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူဆောင်ရွက်တာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဘယ်လာရုစ်နိုင်ငံကို ရောက်နေတဲ့ သင်တန်းသားတွေနဲ့ တွေ့ဆုံချိန်‌ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ မဲမသမာတာတွေကြောင့် နိုင်ငံကို