နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လားရှိုးမြို့က စစ်ကောင်စီရဲ့ နန်ကျိုင်းစခန်းကို MNDAA သိမ်းပိုက်ရရှိခဲ့

ဇူလိုင်လ (၁၇)ရက်။

ဇူလိုင်လ (၁၄)ရက်နေ့က လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ နန်ကျိုင်းစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ နန်ကျိုင်းစခန်းကနေ စစ်သုံ့ပန်းတွေ ဖမ်းမိခဲ့ကာ အဲ့ဒီဖမ်းမိခဲ့တဲ့ သုံ့ပန်းတွေထဲ အသက်(၁၈)နှစ်မပြည့်သေးတဲ့ ကင်းထောက်(၃)ဦး တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို စစ်ကောင်စီရဲ့ နန်ကျိုင်းစခန်းကို သိမ်းပိုက်ရရှိခဲ့တဲ့အချိန် ထိခိုက်သေဆုံးတာတွေနဲ့ ဖမ်းဆီးရမိတာတွေအပြင် လက်နက်ခဲယမ်း သိမ်းဆည်းရမိခဲ့တဲ့အခြေအနေ အသေးစိတ်ကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါ။

အာဏာသိမ်းစစ်တပ်ကနေ လက်နက်ချအလင်း၀င်လာသူတွေကို မဟာမိတ်တပ်တွေက ဆုငွေစနစ်နဲ့ ချီးမြှင့်ပေးတာကို ရှင်းပြခဲ့ပြီး အထက်အရာရှိကို ထိန်းချုပ်ပြီး အလင်း၀င်လာသူကို ကျပ်သိန်း(၁၀၀)ချီးမြှင့်မယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အလင်း၀င်လာသူတွေထဲ သံချပ်ကာ၊ တင့်ကားနဲ့ အခြားကုန်းလမ်းသုံး အကြီးစားစစ်ရေးကိရိယာတွေကို ကျပ်သိန်း(၁၀၀၀)နဲ့ လေယာဉ်အမျိုးအစားတွေကို ကျပ်သိန်း(၁၀၀၀၀)ချီးမြှင့်မယ်လို့ MNDAA က အသိပေးထားပါတယ်။

ဇူလိုင်လ (၁၃)ရက်နေ့က လားရှိုးဒေသတိုက်ပွဲထဲကနေ စစ်ကောင်စီရဲ့ ဒုတပ်ခွဲမှူးတစ်ဦးအပါအ၀င် စစ်သုံ့ပန်း (၃၂)ဦး ဖမ်းမိခဲ့ပြီး ဒဏ်ရာရသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ ကုသတာတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လမ်းပြမြေပုံ (၆)ချက်ကို အကောင်အထည်ဖော်သွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၇)ရက်။ လမ်းပြမြေပုံ (၆)ချက်ကို ကြိုးပမ်းအကောင်အထည်ဖော်သွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ထဲရှိ အင်အားစုတွေနဲ့
မြန်မာသတင်း

တိုင်းပြည်မဖွံ့ဖြိုးတာ ခေါင်းဆောင်တွေ အလယ်အလတ်လမ်းစဉ်တရားနဲ့ အဆက်ပြတ်လို့ဆိုပြီး ယွက်စစ်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၇)ရက်။ တိုင်းပြည်မဖွံ့ဖြိုးတာ တိုင်းပြည်ခေါင်းဆောင်တွေ မလယ်အလတ်လမ်းစဉ်တရားနဲ့ အဆတ်ပြတ်လို့ဆိုပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒီကနေ့ ရှမ်းအမျိုးသားနေ့သဝဏ်လွှာမှာ
မြန်မာသတင်း

မူးမြို့နယ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်တာကြောင့် (၉)နှစ်အရွယ်အပါအဝင် ပြည်သူ (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၇)ရက်။ မူးမြို့နယ်ရှိ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်တက်က လက်နက်ကြီး၊ ဒရုန်းတွေအပြင် လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၁)ရက်နေ့က ခင်ကြီးရွာ၊ လှေဒုံးရွာနဲ့ ငတိုးခင်ရွာထဲကို
မြန်မာသတင်း

ရှမ်းပြည်နယ်ထဲရှိ လက်နက်ကိုင်တွေ ငြိမ်းချမ်းရေးစကားဝိုင်းလာဖို့ စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၇)ရက်။ ရှမ်းပြည်နယ်ထဲရှိ လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးစကားဝိုင်း လာကြဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ရှမ်းပြည်နယ်နေ့ သဝဏ်လွှာမှာ ဖိတ်ခေါ်ခဲ့ပြန်တယ်လို့ သိရပါတယ်။ အခုအခါ နိုင်ငံ အေးချမ်းဖို့နဲ့ လုံခြုံဖို့အတွက် သက်ဆိုင်ရာအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး တည်ငြိမ်အေးချမ်းတဲ့
မြန်မာသတင်း

ပဲခူး ဇေယျဝတီမြိုရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး တပ်ကြပ်တဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ပဲခူးတိုင်း ဇေယျဝတီမြိုရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇေယျဝတီသကြားစက်နားက အကြမ်းဖက်စကမဂိတ်ကို စစ်ရေးမစ်ရှင်အနေနဲ့ ဝင်တိုက်ခိုက်ခဲ့တာ။ အဲ့ဒီဂိတ်က ပေါ်တာဆွဲတာ ပိုက်ဆံတောင်းတာတွေ လုပ်နေတာ” လို
မြန်မာသတင်း

တိုက်ပွဲကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးမပြုဖို KNDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၆)ရက်။ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးပြုသွားလာတာ မလုပ်ကြဖို KNDF က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကြီးနဲ့ လမ်းမကြီးပေါ် ဖြတ်သန်းသွားတဲ့ လမ်းသွယ်တွေအားလုံးကို မြေပြင်စစ်ရေးအခြေအနေတွေကြောင့် အရေးပေါ်အခြေအနေ သတ်မှတ်ထားတယ်လို ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

ဆောမြိုနယ်ထဲ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ညနေ (၅)နာရီခန့်က ဆောမြိုနယ်ရှိ မိအယ်ရွာကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၄)နာရီ (၅၅)မိနစ်လောက်မှာ ဆောနယ်
မြန်မာသတင်း

မင်းအောင်လှိင်ကို ဘွဲပေးတာက ငရဲခွေးကြီးကို ဘွဲဝတ်ရုံ ဆင်မြန်းပေးတာလိုဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ကို ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမမှာ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲပေးခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီလို မင်းအောင်လှိင်ကို စစ်အုပ်စုခန့်ထားတဲ့ လက်အောက်ခံ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲက ဘွဲပေးခဲ့တဲ့အပေါ် ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊