နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပျဉ်းမနားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၃)ဦးသေဆုံးပြီး အများအပြားပြင်းထန်ဒဏ်ရာရရှိခဲ့

ဩဂုတ်လ (၁၇)ရက်။

မနေ့က နံနက် (၇)နာရီခွဲအချိန်က ပျဉ်းမနားမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်တွင်းရဲ့ သတင်းပေးပို့တာကြောင့် ပျဉ်းမနားမြို့ရှိ ကိုးဒစ်ဆင်တောင်အနီး လမ်းပိုင်းတနေရာမှာ (၄၁၄)တပ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီတပ်ကို အပြင်းအထန် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီစစ်ကြောင်းဟာ ဖရိုဖရဲဖြစ်သွားခဲ့ပြီး စစ်ကောင်စီဘက်က (၃)ဦးသေဆုံးကာ အများအပြား ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ တော်လှန်ရေးရဲဘော်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) တောင်တွင်းကြီး၊ Mercury Revolution Force(MRF)နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) တောင်တွင်းကြီးတပ်ဖွဲ့အနေနဲ့ အခြားစစ်မျက်နှာတွေမှာလဲ မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ပွဲ၀င်နေကာ တော်လှန်ရေးရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲ၀င်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဂန့်ဂေါမြို့မှာ စစ်ကောင်စီစစ်ကြောင်းက ကလေးငယ်တွေအပါအဝင် အရပ်သား (၁၁)ဦးကို သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 3 Views
မေလ (၁၂)ရက်။ ဒီကနေ့ နံနက် (၁)နာရီခန့်က ဂန့်ဂေါမြို့တောင်ပိုင်း လယ်မကျေးရွာကို ခလရ(၅၀)နဲ့ အမြောက်တပ်က အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက
မြန်မာသတင်း

ချင်းတပ်ဖွဲ့တွေပူးပေါင်းပြီး Standard Army အနေနဲ့ တိုးမြှင့်ဖွဲ့စည်းမယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 8 Views
မေလ (၁၂)ရက်။ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေပေါင်းစည်းကာ Standard Army အနေနဲ့ တိုးမြှင့်ဖွဲ့စည်းနိုင်ဖို့ သဘောတူခဲ့တယ်လို့ ချင်းညီနောင်(CB)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဒီပဲယင်းရှိ စာသင်ကျောင်း ဗုံးကြဲခံရပြီး ဆရာ၊ဆရာမနဲ့ ကျောင်းသားကျောင်းသူ အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 17 Views
မေလ (၁၂)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ဒီပဲယင်းမြို့အနောက်ဘက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက်(၉)နာရီ (၄၀)လောက်မှာ ဒီပဲယင်းအနောက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို
မြန်မာသတင်း

ရွှေကျင်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 18 Views
စစ်ကောင်စီဘက်က တပ်ရင်မှူးအပါအဝင် အရာရှိတွေနဲ့ တပ်သား (၅၀)ခန့် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြ မေလ (၁၂)ရက်။ မေလ (၈)ရက်နေ့က ရွှေကျင်မြို့ ညောက်ခြေထောက်ရွာရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

မြန်မာစစ်တပ်က နိုင်ငံတကာစစ်တပ်တွေနဲ့အတူ အဆင့်မီတဲ့စစ်တပ်ဆိုပြီး စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 14 Views
မေလ (၁၂)ရက်။ မြန်မာစစ်တပ်က နိုင်ငံတကာစစ်တပ်တွေနဲ့အတူ အဆင့်မီတဲ့စစ်တပ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ရုရှားကနေပြန်လာချိန် ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြန်မာ့တပ်မတော်ဟာ နံပါတ်တစ် နိုင်ငံတကာတပ်မတော်တွေနဲ့အညီ ရင်ပေါင်တန်းနိုင်တဲ့ တပ်မတော်ဖြစ်တယ်။ နိုင်ငံတကာတပ်မတော်တွေနဲ့အတူ အဆင့်မီ
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော် အာရှ

ဝါးလုံးခေါင်းထဲလသာနေတဲ့ မြန်မာစိတ်ဓာတ်နဲ့ မြန်မာအတွေးအခေါ်

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 30 Views
++++++++++++++++++++++++++++++++++ အယ်ဒီတာ့အာဘော် ကျွန်တော်တို့ မြန်မာတွေ အတွေးအခေါ်တွေချို့တဲ့၊ ဗဟုသုတလည်းခေါင်းပါး၊ စိတ်ဓါတ်ရေးရာတွေ အောက်တန်းကျ ကိုယ်မသိတာနဲ့ သိသယောင် တတ်သယောင် ဂဃနဏသိတဲ့သူတွေ တင်ပြတာကို ကိုယ့်ဝါးလုံးခေါင်းထဲက အတွေးလေးနဲ့ တိုင်းတာပြီး မိုက်ရိုင်းစွာ ဆဲရေးတာကို တွေ့လိုက်ရတယ်။ ဂျပန်နိုင်ငံ၊
မြန်မာသတင်း

သပိတ်ကျင်းမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 23 Views
မေလ (၁၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီ (၁၀)မိနစ်အချိန်က သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ နေ့လယ် (၁)နာရီ (၁၀)မိနစ်လောက်မှာ သပိတ်ကျင်း ဇရပ်ကွင်းရွာက ကောင်းကင်မေမေ ကားဝပ်ရှော့ကို
မြန်မာသတင်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆက်လက်ကူညီမယ်လို့ တရုတ်သမ္မတပြော

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 40 Views
မေလ (၁၀)ရက်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဆက်လက်ကူညီပေးသွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မနေ့က မော်စကိုမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့