ဩဂုတ်လ (၁၇)ရက်။
အခုလ (၁၅)ရက်တာကာလထဲ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း (၅၇)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က (၂၀)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့ကာ KNLA တပ်မဟာ (၅)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲထဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး ရိက္ခာတွေကို လေယာဉ်နဲ့ပို့ဆောင်တာတို့ကို ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဟာ လက်နက်ကြီးနဲ့ (၅)ကြိမ် ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦးနဲ့ နွားတစ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင် တပ်မဟာ (၅)ထဲ အကြမ်းဖက်စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်တာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။