နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုးမောက်မြို့က စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်း (၇)ခုကို KIA ထပ်မံသိမ်းပိုက်ခဲ့၊ (၁၀)ရက်ထဲ စစ်ကောင်စီစခန်း (၃၇)ခုထက်မနည်းကို သိမ်းပိုက်ရရှိထား

မတ်လ (၁၈)ရက်။

မနေ့က နေ့လယ်ပိုင်းအချိန်မှာ မိုးမောက်မြို့ရှိ စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်း (၇)ခုကို KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းတွေအရ သိရပါတယ်။

KIA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်းတွေဟာ ဖကောန်၊ မာန်ဒါ၊ အိုခရိန်ဘွမ်၊ ဘောမ်ကပေါ်ဘွမ်၊ ဘွမ်ဆေန်ဘွမ်၊ ဆန်ပါန်နဲ့ ခလုံကရုန်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီစခန်းတွေကို KIA/KPDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက မတ်လ (၁၇)ရက်နေ့ နံနက်ပိုင်းကစပြီး တပြိုင်ထဲ တိုက်ခိုက်ခဲ့ကြကာ နေ့လယ်ပိုင်းအချိန်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ကချင်အနောက်ဘက်ခြမ်းက ဆွမ်ပါရာဘွမ်မြို့နဲ့ ရဲစခန်းကို KIA နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် စစ်ကောင်စီရဲ့ ဗျူဟာတပ်စခန်းကို သိမ်းပိုက်ရရှိဖို့ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် လိုင်ဇာ-မြစ်ကြီးနားလမ်းပေါ်ရှိ လဂျားယာန်အနီးက လိုင်ဇာမုဒ်ဦးကို KIA က ပြန်လည်သိမ်းယူနိုင်ခဲ့တာကြောင့် အတားအဆီးတွေကို ရှင်းလင်းဖယ်ရှားကာ လမ်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

မတ်လ (၇)ရက်နေ့ကစပြီး (၁၇)ရက်နေ့အထိ (၁၀)ရက်အတွင်း KIA ဌာနချုပ်အနီးဝန်းကျင်က တပ်စခန်းတွေအပါအဝင် စစ်ကောင်စီရဲ့ စခန်းကြီး/ငယ်စုစုပေါင်း (၃၇)ခုထက်မနည်း သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 25 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 24 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 21 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို PCB ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 28 Views
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ PCB ထုတ်ပြန် PCB ကို တိုင်းပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့ မူဝါဒတူညီသူတွေ ပူးပေါင်းစုဖွဲတာလို့ဆို မတ်လ (၃၁)ရက်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 32 Views
မတ်လ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ဒုသမ္မတအနေနဲ့ အမည်စာရင်းတင်သွင်းထားတဲ့ မင်းအောင်လှိုင်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ မဲအများဆုံးနဲ့ ရွေးချယ်ခံရတာလို ဆိုပါတယ်။ မဲခွဲရွေးချယ်ရာမှာ
မြန်မာသတင်း

ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 27 Views
ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေမဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား မတ်လ (၃၁)ရက်။ မြိုင်မြို့နယ်ထဲ လက်နက်နဲ့ ပဋိပက္ခတွေ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ထားရှိဖို့ မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို သိရပါတယ်။ မြိုင်မြို့နယ်ပကဖအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ ပြင်းပြင်းထန်ထန်