နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ စစ်ကောင်စီလေတပ်နဲ့ အိန္ဒိယနိုင်ငံ လေတပ်တို့ တွေ့ဆုံဆွေးနွေး

+++++++++++++++++++++++++++++++++++++++++++++++++

မေလ (၁၈) ရက်။

မြန်မာစစ်ကောင်စီလေတပ်နဲ့ အိန္ဒိယလေတပ်ကြား နေပြည်တော် လေတပ်စခန်းမှာ (၅) ရက်ကြာဆွေးနွေးပွဲ လုပ်ပွဲလုပ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ရန် အိန္ဒိယ လေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မေလ ၁၃ ရက် ညနေပိုင်းမှာ နေပြည်တော်ကို ရောက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မေလ ၁၄ ရက်က တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်လေတပ်စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရှိရပြီး ဆွေးနွေးပွဲကို စစ်ကောင်စီလေတပ်က အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ အိန္ဒိယလေတပ်က Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဝင်တွေအပြင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနဲ့ အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဉ္စမအကြိမ် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လေတပ်ချင်း ဆွေးနွေးပွဲဆုံးဖြတ်ဆောင်ရွက်ပြီးစီးမှုတွေကို ဖတ်ကြားရှင်းလင်းပြီး ဆဋ္ဌမအကြိမ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လေတပ်နှစ်ခုရဲ့ အစည်းအဝေး ခေါင်းစဉ်တွေကို နှစ်နိုင်ငံကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မေလ (၁၆) ရက်နေ့မှာ “Justice For Myanmar” က အိန္ဒိယနိုင်ငံအနေနဲ့ စစ်ကောင်စီကို လက်နက်၊ နည်းပညာ၊ စစ်သင်တန်းနဲ့ လောင်စာဆီ ရောင်းချတာတွေကို ပိတ်ပင်ပေးဖို့ စာထုတ်ပြန် တောင်းဆိုထားပါတယ်။

ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ အစိုးရဟာ စစ်အာဏာသိမ်းပြီးကတည်းက အခုအချိန်ထိ စစ်ကောင်စီဘက်က ရပ်တည်နေတာဟာ အချက်နှစ်ချက် ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ခေတ်မျက်လုံးကို အောက်ပါအတိုင်း ပြောပါတယ်။

ပထမအချက်က အိန္ဒိယနိုင်ငံကို ဆန့်ကျင်ပုန်ကန်နေတဲ့ အိန္ဒိယနိုင်ငံထဲခွဲထွက်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မြန်မာဘက်ခြမ်းမှာ စခန်းချတပ်ဆွဲနိုင်အောင် ခွင့်ပြုတာမျိုးမလုပ်ဖို့အတွက် စစ်အစိုးရနဲ့ သဘောတူညီချက် ရယူထားပြီး အိန္ဒိယဘက်ကနေ မြန်မာဘက်ကိုကူးလာရင် မြန်မာစစ်အစိုးရက တိုက်ထုတ်ပေးဖို့နဲ့၊ အဲလိုပဲ အိန္ဒိယဘက်ခြမ်းကို မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကူးရင် အိန္ဒိယဘက်က လက်မခံဖို့ သဘောတူညီချက်ရယူထားတယ်။

ဒုတိယအချက်အတော့ တရုတ်ရဲ့သြဇာအာဏာ ကြီးမားလာပြီး မြန်မာနိုင်ငံက တရုတ်ဘက်ကို ပါသွားမှာ စိုးတဲ့အတွက် သူတို့ဘက်ကို ဆွဲယူတဲ့သဘောအနေနဲ့ တရုတ်ရဲ့သြဇာကို ဟန်ချက်ထိန်းတဲ့အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာဖြစ်တယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီလေတပ်ဟာ မြန်မာနိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် ပြုလုပ်နေပြီး မကြာသေးခင်ကပဲ ချင်းပြည်နယ် မင်းတပ်မြို့နယ်က ဝမ်မသူးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကပဲ ရခိုင်ပြည်နယ် ကျောက်တော်မြိုနယ်၊ ဝဲကြီးထောင့်ဆေးရုံကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူလည်း ရှိခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထိုင်ရဲကို ပစ်ခတ်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်အဖွဲ့ထံ ပြန်လွှဲပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 21 Views
ဇန်နဝါရီလ (၂၂)ရက်။ ထိုင်းရဲတပ်ကြပ်တဦးကို ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်တွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

မောင်တောမြို့မှာ စစ်တပ်ထောင်ထားတဲ့ M-14 မိုင်း (၇၈)လုံး AA သိမ်းဆည်းရမိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 28 Views
ဇန်နဝါရီလ (၂၂)ရက်။ မောင်တောမြို့မှာ စစ်တပ်နဲ့ ARSA ARA နဲ့ RSO အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို AA က ရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ ဇန်နဝါရီလ (၂၀)ရက်နဲ့ (၂၁)ရက်တို့မှာ
မြန်မာသတင်း

ICJ နဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာတွေ မလုပ်ဖို့ဆိုပြီး စစ်ကော်မရှင် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 25 Views
ဇန်နဝါရီလ (၂၂)ရက်။ ICJ မှာ တရားရင်ဆိုင်ဆဲကာလ အားပေးထောက်ခံတဲ့သူတွေအနေနဲ့ အထူးသတိပြု လိုက်နာရမယ့်အချက်တွေဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က သတိပေးထားတဲ့ အချက်တွေထဲ ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာ၊
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အရှေ့ဂျေရုဆလင်ရှိ ကုလသမဂ္ဂ အေဂျင်စီဌာနချုပ်ကို ပိတ်ပင်ပြီးနောက် အစ္စရေးက စတင်ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပိတ်ပင်သည့် ဥပဒေတစ်ရပ် ပြဌာန်းပြီးနောက်၊ အစ္စရေးသည် အရှေ့ဂျေရုဆလင်ရှိ
မြန်မာသတင်း

မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် ရလဒ်ထုတ်ပြန်ဖို့ တိုင်ကြားသူတွေ တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 24 Views
ဇန်နဝါရီလ (၂၂)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွက်းဝန် မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် စစ်ဆေးတဲ့ရလဒ်ကို ထုတ်ပြန်ပေးဖို့ တိုင်ကြားသူတွေက မနေ့က တောင်းဆိုထားတယ်လို့ သိရပါတယ်။ မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်တာ၊ အာဏာအလွဲသုံးစားလုပ်တာ၊ အဂတိလိုက်စားတာ၊ လိင်ပိုင်းဆိုင်ရာနှောက်ယှက်တာနဲ့
မြန်မာသတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 29 Views
ဇန်နဝါရီလ (၂၂)ရက်။ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho က မနေ့က (၃)နှစ်ပြည့်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတခုလုံးရှိ တိုင်းရင်းသားလူမျိုးစု အားလုံးအတွက် ကောင်းမွန်မျှတတဲ့ နိုင်ငံရေးစနစ်တခု
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 21 Views
အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း? CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်း (Greenland) ကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခု