ဇွန်လ (၁၈)ရက်။
မနေ့က ည(၉)နာရီခန့်မှာ ရေဦးမြို့ တိုင်းရင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ၁၂၀မမ လက်နက်ကြီးနဲ့ မြို့မြောက်ဘက်ခြမ်းကို အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့ ရေဦးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးရဲဘော်(အမေ့သား)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ် ။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ရေဦးမြို့မြောက်ဘက်ခြမ်းရှိ ဖိန်းကားရွာအနီးက စူပါဖိုက်ဆန်စက်ထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲချိန်မှာ မြို့အနောက်ဘက်ခြမ်းရှိ ကုန်းတန်းကျေးရွာက အသက်(၄၀)နှစ်ရှိ ကို၀င်းဇော်မိုးနဲ့ သမီးဖြစ်သူ (၁၉)နှစ်အရွယ် မသိမ့်နန္ဒာဦးတို့ဟာ ဆန်စက်ထဲ ညအိပ်စပါးသိမ်းဖို့ ရောက်ရှိနေတာလို့ ဖော်ပြထားပါတယ်။
သားအဖနှစ်ဦးဟာ ဆန်စက်ထဲ ထမင်းစားနေချိန် စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နှစ်ဦးစလုံး ထိမှန်ခဲ့ကာ ဖခင်ဖြစ်သူမှာ သေဆုံးခဲ့ရပြီး သမီးဖြစ်သူဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
လက်နက်ကြီးထိမှန်ခဲ့တာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ဖခင်ဖြစ်သူ ကို၀င်းဇော်မိုးဟာ ဆေးကုသဖို့သွားနေတဲ့အချိန် လမ်းခုလတ်မှာပဲ သေဆုံးခဲ့ရတာဖြစ်ပြီး သမီးဖြစ်သူကတော့ ဆက်လက်ဆေးကုသနေတယ်လို့ သိရပါတယ်။