ဇွန်လ (၁၈)ရက်။
မနေ့က နံနက်(၈)နာရီအချိန် ထား၀ယ်မြို့လယ်ခေါင်ရှိ ဥတ္တံားကြီးလမ်းဆုံမှာ မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံမြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဥတ္တံားကြီးလမ်းဆုံမှာ မိုင်းတစ်လုံးနဲ့ မော်တော်ပီကယ်ဂိတ်မှာတစ်လုံး ချခဲ့တာ။ စကစတွေ မိုင်းလာရှင်းတဲ့အချိန်မှာ ဖောက်ခွဲဖို့ လုပ်ခဲ့တာပါ” လို့ လောင်းလုံမြို့နယ်ပကဖက ဆိုပါတယ်။
အဲ့ဒီနေရာနှစ်ခုကမိုင်းတွေကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေ လာရောက်ပြီး မိုင်းဖြုတ်ရှင်းလင်းချိန်မှာ တစ်လုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ BE တပ်ကတစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျန်မိုင်းတစ်လုံးကိုတော့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ရှာဖွေတွေ့ရှိသွားတာကြောင့် ဖောက်ခွဲရှင်းလင်းခဲ့ပြီး အဲ့ဒီစစ်ဆင်ရေးကို ဒေါင်းညီနောင်စစ်ကြောင်းက မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ရေးသားထားပါတယ်။
ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေအနေနဲ့ စစ်ရေးပစ်မှတ်တွေကို ဖောက်ခွဲတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် မသင်္ကာစရာ အထုပ်အပိုးနဲ့ အိတ်တွေ တွေ့ရှိပါက ထိတွေ့ကိုင်တွယ်တာတွေ မလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါ့ပြင် ပြည်သူတွေအနေနဲ့လဲ စစ်ကောင်စီတပ်သားတွေ၊ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေနဲ့ ဝေးဝေးရှောင်ရှားကြဖို့လဲ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။