ဇွန်လ (၁၈) ရက်။
ဇွန်လ ၁၇ ရက် ညနေစောင်းမှာ မတူပီမြို့ရှိ စစ်ကောင်စီ တပ်စခန်းများအား ထိုးစစ်ဆင်လျက်ရှိတဲ့ ခလရ ၁၄၀ ကို ဦးတည်ပြီး ကားမောင်းလာတဲ့ CNA တပ်ဖွဲ့ဝင်တစ်ဦးကို လုံခြုံရေးအရ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက်တနေ့မှာ ပြန်လည်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီကနေ့ ဇွန်လ (၁၈) ရက်မနက် ၅ နာရီ ၄၀မိနစ် ဝန်းကျင်မှာ ဒရုန်းနဲ့ ၄၀ မမ၊ ၆၀ မမ လောင်ချာလက်နက်တွေ၊ လက်နက်ငယ်တွေ အသုံးပြုပြီး CNA နဲ့ လက်အောက်ခံတပ်တွေက အလစ်အငိုက် ဝင်ရောက်တစ်ခိုက်ခဲ့တဲ့အတွက် ချင်းညီနောင်ဘက်က ရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး အများအပြား အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းညီနောင်ဘက်က သတင်းထုတ်ပြန်ပါတယ်။ လက်ရှိအချိန်မှာလည်း နှစ်ဖက်ဆက်လက်တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။
ချင်းညီနောင်ရဲ့ CB စစ်ဆင်ရေးအနေနဲ့ တိုက်ပွဲဖော်ဆောင်နေတဲ့ မတူပီမြို့သိမ်းတိုက်ပွဲမှာလည်း CDF မတူပီဘက်က ရဲဘော် ၅ ဦးကျဆုံးနေတယ်လို့ သိရပါတယ်။