နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဇာနည်နေ့အတွက် ရန်ကုန်မှာ စစ်ကောင်စီက အထပ်မြင့်တိုက်တွေပေါ် ကင်းပုန်း၀တ် လုံခြုံရေးယူထား

ဇူလိုင်လ (၁၈)ရက်။

မနက်ဖြန် ဇူလိုင်(၁၉)မှာ ကျရောက်မယ့် အာဇာနည်နေ့အတွက် စစ်ကောင်စီက ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်‌ပေါ်တွေမှာ ကင်းပုန်း၀တ် လုံခြုံရေးယူထားတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။

“ စကစက အာဇာနည်နေ့မှာ ရှော့တိုက်ဒုံး ပစ်ခတ်ခံရမှာကိုကြောက်ပြီး အထပ်မြင့်တိုက် ခေါင်မိုးတွေပေါ်မှာ ကင်းပုန်း၀တ်ပြီး လုံခြုံရေးယူနေတာပါ၊ စစ်ခွေးကြီးတွေလာနိုင်တဲ့ နေရာ‌တွေအနီးတဝိုက်ကိုလဲ မနေ့ကစပြီး လုံခြုံရေးယူထားတယ်” လို့ သပိတ်စစ်ကြောင်းက ဆိုပါတယ်။

အာဇာနည်နေ့အခမ်းအနားပြုလုပ်မယ့် အာဇာနည်ကုန်း အနီးတဝိုက်အပါအ၀င် တပ်မတော်ပန်းခြံအနီးတဝိုက်တို့က အထပ်မြင့်တိုက် ခေါ်မိုးတွေပေါ်မှာ ဇူလိုင်လ (၁၇)ရက်နေ့ ညပိုင်းကစပြီး ကင်းပုန်း၀တ် လုံခြုံရေးယူနေတာလို့ သိရပါတယ်။

“ အခုက စမ်းချောင်း ရှင်စောပုလမ်းနဲ့ သပြေညိုလမ်း စမ်းချောင်းကွန်ဒိုအပေါ်ဆုံးမှာ မနေ့ညကစပြီး ကင်းပုန်း၀တ်ဖို့ နေရာချထားတယ်။ အခုရက်ပိုင်း အကြမ်းဖက်စစ်တပ်က အထပ်မြင့်တိုက်တွေကို ဧည့်စာရင်းစစ်တာ၊ တိုက်ခေါင်မိုးပေါ် စစ်ဆေးတာတွေရှိတယ်” လို့ ပြောပါတယ်။

ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ ဂရမ်းဟန်သာဆေးရုံရဲ့ အပေါ်ထပ်မှာလည်း စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အထပ်မြင့်တိုက်ပေါ်မှာ လက်နက်တွေနဲ့ ရှိနေတာကြောင့် တစုံတရာဖြစ်ပေါ်ပါက ရမ်းသန်းပစ်ခတ်နိုင်တဲ့အတွက် ပြည်သူတွေ ထိခိုက်သေကြေနိုင်တာကြောင့် သတိထားကြဖို့ အသိပေးထားပါတယ်။

“ ပုံမှန်ရက်တွေကတော့ လုံခြုံရေးအရမ်းကြပ်တာမျိုးမရှိဘူး၊ အခုက ရှမ်းမြောက်နဲ့ ရခိုင်ဘက်က တိုက်ပွဲတွေကို စစ်တပ်က လူအင်အားပို့နေတာနဲ့ မရှိတာပေါ့၊ အာဇာနည်နေ့အတွက်ပဲ စကစက လုံခြုံရေးတင်းကြပ်ဖို့ ပြင်နေတာဖြစ်နိုင်တယ်၊ မြို့တော်ခန်းမထဲလဲ စစ်တပ်ပြန်ရောက်နေတာရှိတယ်” လို့ မြို့နေပြည်သူတစ်ဦးက ဆိုပါတယ်။

စစ်ဆင်ရေးတော်လှန်ရေးရဲဘော်တွေအနေနဲ့ သတိပေးထားတဲ့ အထပ်မြင့်တိုက်တွေကို အထူးဂရုပြုကြဖို့နဲ့ အခုရက်ပိုင်းထဲ စမ်းချောင်းမြို့မှာ စစ်ကောင်စီက လမ်းပိတ်တာနဲ့ ရှောင်တခင်စစ်ဆေးတာတွေ ပြုလုပ်နိုင်တဲ့အတွက် သတိထားသွားလာဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 22 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မြိုမှာ စစ်တပ်က ဓါးစာခံအနေနဲ့ ဖမ်းဆီးထားတဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ထီးချိုင့်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးကျော် သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 28 Views
မတ်လ (၁၀)ရက်။ အခုရက်ပိုင်းထဲ ထီးချိုင့်မြို့ရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ (၁၀)ကြိမ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Tigyaing Revolution
မြန်မာသတင်း

ညောင်လေးပင်လူသတ်မှု စစ်ကောင်စီအတွက် ပထမဆုံးမဟုတ်ဘဲ အာဏာမသိမ်းခင်ကထဲက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 18 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခု ညောင်လေးပင်လူသတ်မှုဟာ စစ်ကောင်စီအတွက်တော့ ပထမဆုံး မဟုတ်ပါဘူး။ စစ်ကောင်စီဟာ အာဏာမသိမ်းခင်ကာလများတည်းက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင်
မြန်မာသတင်း

PDF ထိန်းချုပ်ထားတဲ့ရွာကို သွားဖျော်ဖြေတာကြောင့်ဆိုပြီး အဆိုတော် လမင်းကဗျာကို စစ်တပ် ဖမ်းဆီး

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 19 Views
မတ်လ (၁၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရန်ကုန် လှိုင်မြို့နယ်ရှိ နေအိမ်မှာ အဆိုတော် လမင်းကဗျာကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ချက်‌တွေအရ သိရပါတယ်။ “ သူက PDF ထိန်းချုပ်ထားတဲ့ မြိုင်မြို့နယ်ဘက်က ဝယ်တောင်ရွာကို သီချင်းသွားဖျော်ဖြေလို့ဆိုပြီး
မြန်မာသတင်း

လယ်ကဆောနယ်ထဲ စစ်တပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 26 Views
မတ်လ (၁၀)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က လယ်ကဆောမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ တပ်ရင်း (၅၅၉)၊ (၅၆၀)၊ (၃၅၈)နဲ့
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်အဖွဲ့တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 23 Views
မတ်လ (၁၀)ရက်။ NUG အနေနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေအကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေဖို့အတွက် အချိန်ပေး တွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို အားကောင်းတဲ့ စုဖွဲ့မှုကနေ အာဏာရှင်စနစ်
မြန်မာသတင်း

ထရမ့်အစိုးရ ရင်ဆိုင်နေရသော ဆိုးရွားသည့် ရွေးချယ်မှု- စီးပွားရေး ပျက်ကပ်လား သို့မဟုတ် ရေတပ် ပြိုကျမှုလား?

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ထရမ့်အစိုးရသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် ရေတပ်ဆိုင်ရာ ကပ်ဘေးတစ်ခုကြားတွင် ပိတ်မိနေသည်။ အီရန်နှင့် ပဋိပက္ခ ပြင်းထန်လာသည်နှင့်အမျှ ကမ္ဘာ့အရေးပါသော စွမ်းအင်လမ်းကြောင်းများသည် “
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 29 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က ညောင်လေးပင်မြို့ရှိ ကျေးရွာတွေကို စစ်ကြောင်း (၄)ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ