နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဇာနည်နေ့အတွက် ရန်ကုန်မှာ စစ်ကောင်စီက အထပ်မြင့်တိုက်တွေပေါ် ကင်းပုန်း၀တ် လုံခြုံရေးယူထား

ဇူလိုင်လ (၁၈)ရက်။

မနက်ဖြန် ဇူလိုင်(၁၉)မှာ ကျရောက်မယ့် အာဇာနည်နေ့အတွက် စစ်ကောင်စီက ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်‌ပေါ်တွေမှာ ကင်းပုန်း၀တ် လုံခြုံရေးယူထားတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။

“စကစက အာဇာနည်နေ့မှာ ရှော့တိုက်ဒုံး ပစ်ခတ်ခံရမှာကိုကြောက်ပြီး အထပ်မြင့်တိုက် ခေါင်မိုးတွေပေါ်မှာ ကင်းပုန်း၀တ်ပြီး လုံခြုံရေးယူနေတာပါ၊ စစ်ခွေးကြီးတွေလာနိုင်တဲ့ နေရာ‌တွေအနီးတဝိုက်ကိုလဲ မနေ့ကစပြီး လုံခြုံရေးယူထားတယ်”လို့ သပိတ်စစ်ကြောင်းက ဆိုပါတယ်။

အာဇာနည်နေ့အခမ်းအနားပြုလုပ်မယ့် အာဇာနည်ကုန်း အနီးတဝိုက်အပါအ၀င် တပ်မတော်ပန်းခြံအနီးတဝိုက်တို့က အထပ်မြင့်တိုက် ခေါ်မိုးတွေပေါ်မှာ ဇူလိုင်လ (၁၇)ရက်နေ့ ညပိုင်းကစပြီး ကင်းပုန်း၀တ် လုံခြုံရေးယူနေတာလို့ သိရပါတယ်။

“အခုက စမ်းချောင်း ရှင်စောပုလမ်းနဲ့ သပြေညိုလမ်း စမ်းချောင်းကွန်ဒိုအပေါ်ဆုံးမှာ မနေ့ညကစပြီး ကင်းပုန်း၀တ်ဖို့ နေရာချထားတယ်။ အခုရက်ပိုင်း အကြမ်းဖက်စစ်တပ်က အထပ်မြင့်တိုက်တွေကို ဧည့်စာရင်းစစ်တာ၊ တိုက်ခေါင်မိုးပေါ် စစ်ဆေးတာတွေရှိတယ်”လို့ ပြောပါတယ်။

ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ ဂရမ်းဟန်သာဆေးရုံရဲ့ အပေါ်ထပ်မှာလည်း စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အထပ်မြင့်တိုက်ပေါ်မှာ လက်နက်တွေနဲ့ ရှိနေတာကြောင့် တစုံတရာဖြစ်ပေါ်ပါက ရမ်းသန်းပစ်ခတ်နိုင်တဲ့အတွက် ပြည်သူတွေ ထိခိုက်သေကြေနိုင်တာကြောင့် သတိထားကြဖို့ အသိပေးထားပါတယ်။

“ပုံမှန်ရက်တွေကတော့ လုံခြုံရေးအရမ်းကြပ်တာမျိုးမရှိဘူး၊ အခုက ရှမ်းမြောက်နဲ့ ရခိုင်ဘက်က တိုက်ပွဲတွေကို စစ်တပ်က လူအင်အားပို့နေတာနဲ့ မရှိတာပေါ့၊ အာဇာနည်နေ့အတွက်ပဲ စကစက လုံခြုံရေးတင်းကြပ်ဖို့ ပြင်နေတာဖြစ်နိုင်တယ်၊ မြို့တော်ခန်းမထဲလဲ စစ်တပ်ပြန်ရောက်နေတာရှိတယ်”လို့ မြို့နေပြည်သူတစ်ဦးက ဆိုပါတယ်။

စစ်ဆင်ရေးတော်လှန်ရေးရဲဘော်တွေအနေနဲ့ သတိပေးထားတဲ့ အထပ်မြင့်တိုက်တွေကို အထူးဂရုပြုကြဖို့နဲ့ အခုရက်ပိုင်းထဲ စမ်းချောင်းမြို့မှာ စစ်ကောင်စီက လမ်းပိတ်တာနဲ့ ရှောင်တခင်စစ်ဆေးတာတွေ ပြုလုပ်နိုင်တဲ့အတွက် သတိထားသွားလာဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 43 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို