နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဟားမတ်စ်ခေါင်းဆောင် ယာဟယာဆင်ဝါရဲ့ နောက်ဆုံးအချိန်

ယာဟယာဆင်ဝါကို အစ္စရေးတို့က အခုလို သတ်ဖြတ်နိုင်ခဲ့တာဟာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေရလို့ အသေအချာ စစ်ဆင်ရေးလုပ်ပြီး သတ်ဖြတ်နိုင်ခဲ့တာ မဟုတ်ဘဲ ဂါဇာတောင်ပိုင်းက ရာဖာမှာ အစ္စရေးတပ်ဖွဲ့နဲ့ မတော်တဆ တွေ့ဆုံစဉ်အတွင်း အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ရာဖာမှ ကင်းလှည့်နေတဲ့ အစ္စရေးတပ်ဖွဲ့တစ်ခုက ပါလက်စတိုင်း လက်နက်ကိုင်သုံးယောက်ကို လှမ်းတွေ့လို့ ပစ်ခတ်စဥ်မှာ လူတစ်ယောက်က အဆောက်အအုံတစ်ခုထဲကို ပြေးဝင်သွားခဲ့တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အစ္စရေးစစ်တပ်ရဲ့ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ရုပ်သံအရ ဗုံးကျည်တွေ ထိမှန်ပျက်စီးနေတဲ့ အဆောက်အအုံအပျက်ထဲကို ဒရုန်းနဲ့ ဝင်ရောက်ထောက်လှမ်းရာမှာ ထိုင်ခုံမှာ ဒဏ်ရာရပြီး ထိုင်နေတဲ့ ဆင်ဝါကို ရုပ်သံထဲမှာ တွေ့မြင်ရပါတယ်။ ဆင်ဝါဟာ သူ့ကို လာရောက်ထောက်လှမ်းတဲ့ ဒရုန်းကို တုတ်တစ်ချောင်းနဲ့ လှမ်းပစ်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရုပ်သံက ပြီးဆုံးသွားပါတယ်။

အစ္စရေးတို့ ဆင်ဝါကို ဘယ်လိုသတ်ဖြတ်ခဲ့တယ်ဆိုတာ ရုပ်သံမှာ မပါပေမယ့် အစ္စရေးစစ်တပ်က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံအရ ခေါင်းမှာ အပေါက်ကြီးတွေ့ရပြီး သေဆုံးနေတဲ့ ဆင်ဝါကို တွေ့မြင်ရပါတယ်။

အစ္စရေးတို့က ဆင်ဝါကို တောက်လျှောက် နောက်ယောင်ခံလိုက်နေခဲ့ပေမဲ့ သတင်းမရဘဲရှိနေခဲ့ပါတယ်။ ဆင်ဝါကို နောက်ဆုံးတွေ့ရှိလိုက်ရတာက မြေအောင်လိုဏ်ခေါင်းတနေရာမှာ မိသားစုနဲ့ နေရာရွှေ့နေတာကို တွေ့မြင်ရတာပါ။

အဆောက်အဦပျက်ထဲက ယာဟယာဆင်ဝါရဲ့ ရုပ်အလောင်းက ချက်ချင်းထုတ်ယူဖို့ မလွယ်ခဲ့တဲ့အချိန်မှာ လက်တချောင်းဖြတ်ပြီး အစ္စရေးကို ပို့ဆောင်ကာ လက်ဗွေစစ်ဆေးပြုလုပ်အတည်ပြုခဲ့ပါတယ်။

အစ္စရေးမှာ ဆင်ဝါထောင်ကျခဲ့စဉ်အတွင်း သူ့ရဲ့သွားမှတ်တမ်းနဲ့ DNA မျိုးဗီဇနမူနာတွေကို ရယူခဲ့တာမို့ အဆောက်အအုံပျက်ထဲက ရုပ်အလောင်းဟာ ဆင်ဝါ ဟုတ်မဟုတ် အစ္စရေးဘက်က စစ်ဆေးနိုင်ခဲ့ပါတယ်။

မနှစ်က အောက်တိုဘာလ ၇ ရက်မှာ ဟားမတ်စ်အဖွဲ့က အစ္စရေးကို တိုက်ခိုက်မှုမှာ ယာဟယာဆင်ဝါက အဓိက ဦးဆောင်စီစဥ်သူလို့ အစ္စရေးဘက်က စွတ်စွဲထားပြီး သူ့ကို မတွေ့တွေ့အောာင်ရှာဖွေ ရှင်းလင်းမယ်လို့ ကြုံးဝါးထားပါတယ်။ ဒါ့အပြင် သူ့ကို ဖမ်းမိအောင် သတင်းပေးတဲ့သူကိုလည်း ဆုကြေး ဒေါ်လာ ၄ သိန်း ပေးမယ်လို့ အစ္စရေးစစ်တပ်က ကြေညာထားပါ။ ဆင်ဝါအသတ်ခံရတဲ့နေရာဒေသမှာ ဓားစာခံတွေကို အရိပ်အယောင် မတွေ့ရကြောင်း အစ္စရေးစစ်တပ်က ဝန်ခံခဲ့ပါတယ်။

ဟားမတ်စ်ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာ အီရန်မှာ လုပ်ကြံခံရပြီးတဲ့နောက် ယာဟယာ ဆင်ဝါကို ဟားမတ်စ်ရဲ့ နိုင်ငံရေးခေါင်းဆောင်သစ်အဖြစ် ပြီးခဲ့တဲ့ဩဂုတ်လအတွင်းက ခန့်အပ်ခဲ့ပါတယ်။

တော်လှန်ရေးအဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်အဖြစ် အသက် ၆၁ နှစ်ရှိ စင်ဝါကို ရွေးချယ်ခြင်းဟာ ဟားမတ်စ်နဲ့ အဲ့ဒီအဖွဲ့ရဲ့ သမိုင်းကို ထင်ဟပ်စေပါတယ်။ ဆင်ဝါဟာ ဂါဇာမှာ ဟားမတ်စ်ရဲ့ ထိပ်တန်းခေါင်းဆောင်အဖြစ် သက်တမ်းနှစ်ကု ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့ပြီး ပထမအကြိမ်မှာ ၂၀၁၇ မှာစတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဆင်ဝါရဲ့ဘဝအစ

ယာဟယာ အီဘရာဟင် ဆင်ဝါ (Yahya Ibrahim Hassan Sinwar) ကို ၁၉၆၂ ခုနှစ်မှာ ဂါဇာတောင်ပိုင်း ခန်းယူနစ်စ် (Khan Younis) ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့ပါတယ်။ ဆင်ဝါတို့မိသားစုဟာ မူလက အစ္စရေးတောင်ပိုင်းရှိ Ashkelon တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ al-Majdal မြို့မှာ နေထိုင်ကြပြီး ၁၉၄၈ ခုနှစ်မှာ အစ္စရေးတို့ရဲ့ အတင်းအဓမ္မ ရွှေ့ပြောင်းခြင်းကို ခံခဲ့ရပါတယ်။

ငယ်စဉ်ကတည်းက မူဆလင်ညီအကိုတော်များအဖွဲ့ကို ဝင်ရောက်ခဲ့ပြီး ဂါဇာရှိ အစ္စလာမ့်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပြီး အာရပ်ဘာသာနဲ့ ဘွဲ့ရရှိခဲ့ပါတ။ သူတက္ကသိုလ်မှာ တက်ရောက်နေစဉ် သူဟာ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ရဲ့ ကျောင်းသားအဖွဲ့ဖြစ်တဲ့ “အစ္စလာမ်မစ်အဖွဲ့” ကို ဦးဆောင်ခဲ့ပါတယ်။

၁၉၈၅ ခုနှစ်မှာ စင်ဝါဟာ “ Al-Majd” လို့ လူသိများတဲ့ မွတ်စလင်ညီနောင်များအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ ဒီအဖွဲ့အစည်းဟာ ဂါဇာကို အစ္စရေးသိမ်းပိုက်မှုကို တွန်းလှန်ဖို့ ထူထောင်ခဲ့ပါတယ်။

ဆင်ဝါရဲ့ ကျောင်းသားလှုပ်ရှားမှုဟာ ၁၉၈၇ ခုနှစ်မှာ စတင်ခဲ့ပြီးနောက် ဟားမတ်စ်မှာ ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်နိုင်စေတဲ့ အတွေ့အကြုံကို ရရှိအောင် ပံ့ပိုးပေးခဲ့တယ်လို့ ဆိုကြပါတယ်။

အစ္စရေးမှာ ထောင်ကျခြင်း

၁၉၈၂ ခုနှစ်မှာ အစ္စရေးစစ်တပ်က ဆင်ဝါကို ပထမဆုံး ဖမ်းဆီးခဲ့ပြီး ရက်အနည်းငယ်အကြာမှာ သူ့ကိုပြန်လွှတ်ပေးခဲ့ပြီး အဲ့ဒီနှစ်နှောင်းပိုင်းတွင် ထပ်မံဖမ်းဆီးလိုက်ပြီး “အစ္စရေးဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခြင်း” အတွက် ထောင်ဒဏ် ခြောက်လချမှတ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ အစ္စရေးက သူ့ကို ဖမ်းဆီးပြီး ပါလက်စတိုင်း မူဂျာဟီဒင်လို့ လူသိများသော ဟားမတ်စ်ရဲ့ ပထမဆုံး စစ်ဘက်ဆိုင်ရာအဖွဲ့ကို ထူထောင်ရာမှာ ပါဝင်တဲ့အတွက် တစ်သက်တစ်ကျွန်း ထောင်ဒဏ်နှင့် အနှစ် ၃၀ ချမှတ်ခံခဲ့ရပါတယ်။

နောက်ပိုင်း ၂၀၁၁ ခုနှစ်မှာ ဆင်ဝါဟာ ဟားမတ်စ်တွေဖမ်းထားတဲ့ အစ္စရေးစစ်သည်တစ်ဦးဖြစ်တဲ့ ဂီလတ် ရှာလစ်နဲ့ ပါလက်စတိုင်းအကျဉ်းသား ၁၀၀၀ ကျော် လဲလှယ်ရေးအစီအစဉ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ သူဟာ အစ္စရေးအကျဉ်းထောင်မှာ ၂၃ နှစ် နေထိုင်ခဲ့ရပါတယ်။

“ဘာလို့ ပါလက်စတိုင်းကို မလွတ်မြောက်သေးတာလဲ” ဟု အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးနောက် သူ့ရဲ့ ပထမဆုံး ထုတ်ပြန်ချက်တွင် ၎င်း၏ ရဲဘော်တွေကို ဆင်ဝါက မေးမြန်းခဲ့ပါတယ်။

ဂါဇာမှာ ဟားမတ်စ်ကို ဦးဆောင်ခဲ့

၂၀၁၁ ခုနှစ်မှာ သူလွတ်မြောက်ပြီးနောက် ဆင်ဝါဟာ ၂၀၁၂ ခုနှစ်မှာ ဟားမတ်စ်ရဲ့ ပြည်တွင်းရွေးကောက်ပွဲမှာ ပါဝင်ခဲ့ပြီး နိုင်ငံရေးဗျူရိုမှာ နေရာရရှိပြီး အဖွဲ့၏စစ်တပ်ဝါဒီဖြစ်သော Qassam Brigades ကို ကြီးကြပ်ဖို့ တာဝန်ယူခဲ့ပါတယ်။

၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ အမေရိကန်က ဆင်ဝါကို “ နိုင်ငံတကာ အကြမ်းဖက်သမားများ” စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ အစ္စရေးလုံခြုံရေးက ဆင်ဝါကို ဂါဇာမှာ လုပ်ကြံသတ်ဖြတ်ဖို့ ထိပ်တန်းပစ်မှတ်အဖြစ် ဖော်ပြခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့ရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုအပြီးမှာ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအပေါ် ရက်စက်စွာ ထိုးစစ်ဆင်မှုတွေ ဆက်လက်ပြုလုပ်နေချိန်မှာ ဆင်ဝါ သေဆုံးခဲ့ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄ သောင်းကျော် သေဆုံးခဲ့ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြပြီး တစ်သိန်းနီးပါး ဒဏ်ရာရခဲ့ကြောင်း ဒေသန္တရ ကျန်းမာရေး အာဏာပိုင်များက ပြောကြားထားပါတယ်။

အစ္စရေးရဲ့ ထိုးစစ်ဆင်မှုကြောင့် ဂါဇာကမ်းမြှောင်ရှိ လူဦးရေတစ်ခုလုံးနီးပါး အစားအစာ၊ ရေသန့်နှင့် ဆေးဝါးများ ဆိုးရွားစွာ ပြတ်တောက်မှုဖြစ်နေပါတယ်။

အစ္စရေးကို ဂါဇာရှိ သူတို့လုပ်ရပ်အတွက် နိုင်ငံတကာတရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုကို တောင်အာဖရိကနိုင်ငံက ဖွင့်ထားပါတယ်။

https://t.me/eraseye/1168

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 17 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 25 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 34 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်