နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေကျင်မြို့မှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင်လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင်တဦး ဓါးခုတ်ခံရ

နိုဝင်ဘာလ (၁၅)ရက်။

မနေ့က နံနက် (၁၀)နာရီကျော်အချိန် ညောင်လေးပင်ခရိုင် ရွှေကျင်မြို့ရှိ အနောက်ဘက်ကျေးရွာမှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင် လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးတဦး ဓါးခုတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။

“ သူက ကိုယ်စားလှယ်လောင်းတွေ မဲလာဆွယ်မှာကို လာဖို့ဆိုပြီး တအိမ်တက်ဆင်း လက်ကမ်းစာစောင်တွေ လိုက်ဝေတာ။ အဲ့ဒီလိုလိုက်ဝေပြီးတော့ မဲဆွယ်ပွဲလုပ်မယ့်အိမ်နားအရောက်မှာ တရွာထဲနေတဲ့သူက ဓါးမနဲ့ခုတ်တာခံရတာ” လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ရွှေကျင်မြို့ အနောက်ဘက်ကျေးရွာနေ ကြံခိုင်ရေးပါတီရဲ့ ရပ်/ကျေးအမှုဆောင်ဖြစ်တဲ့ ဒေါ်အမာဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ပွဲကို လာဖို့ဆိုပြီး တအိမ်တက်ဆင်း လက်ကမ်းစာစောင် လိုက်ဝေခဲ့တာလို့ သိရပါတယ်။

လက်ကမ်းစာစောင်တွေ လိုက်ဝေပြီးနောက် မဲဆွယ်ပွဲလုပ်မယ့် နေအိမ်အနီး လမ်းမကြီးပေါ်အရောက်မှာ တရွာထဲနေ အသက် (၄၂)နှစ်အရွယ် အမျိုးသားက ဓါးမနဲ့ လိုက်ခုတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ဓါးနဲ့ခုတ်ခံရတာကြောင့် ကြံ့ခိုင်ရေးပါတီဝင်အမျိုးသမီးဟာ မစိုးရိမ်ရဒဏ်ရာအချို့ ရရှိခဲ့ပြီး ကျူးလွန်သူကို ရွှေကျင်ချောင်းဘေးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသထဲသတင်းတွေက ရေးသားထားပါတယ်။

ဒါ့အပြင် ကျူးလွန်သူကို ရွှေကျင်မြို့မရဲစခန်းမှာ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပုဒ်မ ၂၄(က)နဲ့ အမှုဖွင့်ထားကာ ကျူးလွန်သူဟာ NLD ပါတီဝင်ဆိုပြီးလဲ စစ်လော်ဘီချန်နယ်တွေက စွပ်စွဲထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 15 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 19 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 15 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 22 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး
မြန်မာသတင်း

၂၀၂၇ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 17 Views
ဧပြီလ (၁၁)ရက်။ အခုနှစ်နဲ့ ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မမှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၁၇)နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုကာလဟာ စစ်ပွဲကာလဖြစ်ပြီး အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေရပြီး စစ်ကောင်စီက တိုက်ပွဲမှာ
မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 26 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ ဒီကနေ့ နေ့ထူးနေ့မြတ်ကစပြီး AA
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 137 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ စိုးဝင်းအပါအဝင် (၁၁)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ကိုကိုလှိုင်၊ သန်းဆွေ၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်/ကျဉ်းတွေ ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့လှုပ်ရှားမှု ပြုလုပ်မယ်

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 25 Views
ဧပြီလ (၁၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ‌ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့ လှုပ်ရှားမှု ပြုလုပ်မယ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုဟာ လာမယ့် နှစ်ဆန်းတရက်နေ့ နှစ်သစ်ကူးအချိန်မှာ နှစ်သစ်ကူး‌ဆုတောင်းတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ