နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရက္ခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကို စစ်ကောင်စီ ထောင်ဒဏ် ၂ နှစ်ချမှတ်

မတ်လ (၁၉) ရက်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နဲ့ တရားစွဲခံထားရတဲ့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို မတ်လ (၁၈) ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒေါ်ညိုအေးကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့က စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ပြု လုပ်ခဲ့တဲ့ (၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာ အထိမ်းအမှတ် အောက်မေ့ဖွယ်နေ့ အခမ်းအနားကို တက်ရောက်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စစ်တွေမြို့နယ်တရားရုံးမှာ ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲဆိုခဲ့ပါတယ်။ စစ်တွေထောင်ထဲကနေ ၈ လ ကြာအမှုရင်ဆိုင်နေခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“နျူဂျီဦးဆောင်တဲ့တော်လှန်ရေးမအောင်မြင်နိုင်တဲ့အကြောင်းရင်းများ”

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 22 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၆) ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးသုံးသပ်ချက်များတနင်္ဂနွေနေ့အစီအစဥ်ကို တင်ပြကြမှာဖြစ်ပါတယ်၊ ဒီအပတ်အထူးအစီအစဥ်အနေနဲ့ တင်ပြမှာကြတော့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းလို့ခံယူထားတဲ့ နျူဂျီအနေနဲ့ တော်လှန်ရေး အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၁၂)ဦးသေဆုံးတယ်လို MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ အခု (၂)လတာကာလထဲ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးမှာ တိုက်ပွဲပေါင်း (၁၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို MOD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

CDM ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စွပ်စွဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ အာဏာသိမ်းတာကြောင့် CDM လုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ရပ်စောက်မြို့တွေ့ဆုံပွဲမှာ စွပ်စွဲပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က နိုင်ငံ့အာဏာကို အတင်းအဓမ္မ သိမ်းယူဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 29 Views
အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က အထက်မင်းလှမြို့ရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG နဲ့ SRA တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 32 Views
နှစ်ဖက်အပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့ သဘောတူခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နေ့လယ် (၂)နာရီအချိန်က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီနဲ့ NUG တို့ Zoom Platform ကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးနိုင်ဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ‌အဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို NUG နဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့အနီးရှိ ကံတလူတိုးဂိတ် ဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 40 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်က စစ်ကိုင်းမြို့အနီး စစ်တပ်က လုံခြုံရေးယူပေးနေတဲ့ ကံတလူးတိုးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ “ ပြီးခဲ့တဲ့လတုန်းကလဲ အဲ့ဒီကံတလူတိုးဂိတ်ကို ပြောက်ကျားတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အခုလဲ စကမလုံခြုံရေးယူနေတဲ့ကြားက
မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 45 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လေကြောင်းတိုက်ခိုက်ခံရတာက အခုလ(၁)ရက်နဲ့ (၂)ရက်နေ့မှာပါ၊ တိုက်ခိုက်ခံရတာက ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(၄၇)တပ်စခန်းပါ၊