နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးခြင်းနဲ့ ပတ်သက်ပြီး ပြည်သူအများ စိုးရိမ်ပူပန်မှု လျော့ပါးစေရန် ဆောင်ရွက်ဖို့ စစ်ကောင်စီကို တိုက်တွန်းတဲ့ ကြေညာချက် ပြည်သူ့ပါတီ ထုတ်ပြန်

မတ်လ (၁၉) ရက်။

ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးခြင်းနဲ့ ပတ်သက်ပြီး ပြည်သူအများ စိုးရိမ်ပူပန်မှု လျော့ပါးစေဖို့ စစ်ကောင်စီအနေနဲ့ နိုင်ငံနဲ့အဝှမ်း တပြေးညီကျင့်သုံးမယ့် နည်းဥပဒေ ညွှန်ကြားချက်တွေကို အများပြည်သူ အလွယ်တကူ သိရှိနိုင်ဖို့ တိကျသေချာစွာ ထုတ်ပြန်ပေးရန်နဲ့ ဥပဒေနဲ့ ကျော်လွန်ဆန့်ကျင် ဆောင်ရွက်နေမှုတွေကို တားမြစ်အရေးယူပေးဖို့ လိုအပ်မှာဖြစ်ကြောင်း ပြည်သူ့ပါတီက ဒီကနေ့ မတ်လ (၁၉) ရက်နေ့မှာ ထုတ်ပြန်ချက် ထုတ်ပြန်လာပါတယ်။

ဒီနေ့အချိန်ဟာ မြန်မာနိုင်ငံတဝှမ်းမှာ ကိုဗစ်ကပ်ရောဂါကာလကစတင်ပြီး နိုင်ငံရေး၊ စစ်ရေးပဋိပက္ခ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းမျိူးစုံနဲ့ ကာလကြာရှည် ခံစားနေရတဲ့ အချိန်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပြီး၊ ၂ဝ၂၄ ခုနှစ် ဖေဖေါ် ဝါရီလ ၁၀ ရက်နေ့မှာ စတင်အာဏာတည်စေရမှာ ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဌ လက်မှတ်ရေးထိုးသတ်မှတ်ခဲ့ကြောင်း ပြည်သူ့ပါတီက ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ၊ အဂတိလိုက်စားမှု သတင်းတွေ၊ ထွက်ပြေးတိမ်းရှောင်ကြတဲ့သတင်းတွေ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေပြီး နေ့စဉ်နဲ့အမျှ တိုင်တန်း ကြားသိနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုဂ္ဂလိကစီးပွားရေးကဏ္ဍမှာလည်း ပုဂ္ဂလိကအလုပ်ရုံ စက်ရုံဝန်ထမ်းတွေ အနေနဲ့ ယာယီကင်းလွတ်ခွင့်မှာ နိုင်ငံတော်ဌာနဆိုင်ရာဝန်ထမ်းတွေသာ အကျုံးဝင်တယ်လို့ နားလည်ပြီး ထွက်ပြေးတိမ်းရှောင်မှုတေကြောင့် လုပ်ငန်းတွေ ဆက်လက် လည်ပတ်နိုင်ရန်ပင် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ အခန်း(၃) ပုဒ်မ ၇(က) မှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဟာ “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့နှင့် မြို့နယ်အဖွဲ့များကို လိုအပ်သလို ဖွဲ့စည်း နိုင်သည်။” လို့ ပြဋ္ဌာန်းထားတဲ့အတွက်ကြောင့် ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအဆင့်မှာ ဖွဲ့စည်းထားတာ မရှိဘူးလို့ ဆိုပါတယ်။။

အဲ့ဒီ ဥပဒေပုဒ်မ ၇ ( ခ ) မှာ “ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီသည်၊ ဒီဇင်္ဘာ ၃၁ ရက်နေ့တွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူများ၏ စာရင်းကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့ အရောက် ပြုစုပေးပို့ရမည်။” လို့သာ ပြဋ္ဌာန်းထားကြောင်း၊ မူရင်းပြဋ္ဌာန်းဥပဒေအရ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဟာ စာရင်းပြုစုပေးပို့ရန်သာဖြစ်ပြီး ရွေးချယ်အတည်ပြုခွင့်၊ (မဲနှိုက်ခြင်း အပါအဝင်) စာရင်းမှ ပယ်ဖျက်ခွင့် မရှိတာကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 4 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 4 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 5 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 5 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို PCB ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 21 Views
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ PCB ထုတ်ပြန် PCB ကို တိုင်းပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့ မူဝါဒတူညီသူတွေ ပူးပေါင်းစုဖွဲတာလို့ဆို မတ်လ (၃၁)ရက်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 28 Views
မတ်လ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ဒုသမ္မတအနေနဲ့ အမည်စာရင်းတင်သွင်းထားတဲ့ မင်းအောင်လှိုင်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ မဲအများဆုံးနဲ့ ရွေးချယ်ခံရတာလို ဆိုပါတယ်။ မဲခွဲရွေးချယ်ရာမှာ
မြန်မာသတင်း

ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 23 Views
ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေမဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား မတ်လ (၃၁)ရက်။ မြိုင်မြို့နယ်ထဲ လက်နက်နဲ့ ပဋိပက္ခတွေ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ထားရှိဖို့ မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို သိရပါတယ်။ မြိုင်မြို့နယ်ပကဖအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ ပြင်းပြင်းထန်ထန်
မြန်မာသတင်း

NUG၊ CRPH၊ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲစည်း

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 26 Views
မတ်လ (၃၁)ရက်။ NUG၊ CRPH နဲ့ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို ဖွဲစည်းခဲ့တယ်လို မနေ့ကထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုတော်လှန်ရေးကို တဆင့်တက်ပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ် အောင်မြင်စွာ