ဇွန်လ (၁၉)ရက်။
ဒီကနေ့မှာကျရောက်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်ပြည့် မွေးနေ့ကစပြီး အချုပ်အနှောင်ကနေ အမြန်ဆုံးကင်းလွတ်ဖို့ MOD က ဆုတောင်းမေတ္တာပို့သထားကြောင်း ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့်နှစ်များစွာတိုင် ကျန်းမာသက်ရှည်တဲ့ မွေးနေ့တွေ ပိုင်ဆိုင်နိုင်စေဖို့ကိုလဲ ဆုတောင်းမေတ္တာပို့သထားပါတယ်။
“ ချုပ်နှောင်ကန့်သတ်မှုများကို တွန်းလှန်ကျော်ဖြတ်ကာ ဖူးပွင့်ခဲ့သော သံမဏိနှင်းဆီသည် ငြိမ်းချမ်းရေးရဲ့ ရနံ့ငွေ့သက်ကို လူထုထံ ဆောင်ကျဉ်းခဲ့၏” လို့လဲ MOD ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
နိုင်ငံတဝန်းက ဒေသအများအပြားမှာလဲ သပိတ်ကော်မတီတွေနဲ့ ဒေသခံတွေပူးပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် အနယ်နယ်အရပ်ရပ်က အနုပညာရှင်တွေအပါအဝင် တော်လှန်ရေးရဲဘော်တွေကလဲ ပန်းသပိတ်လှုပ်ရှားမှုနဲ့ သံမဏိနှင်းဆီ ပိုစတာတွေကိုင်ဆောင်ကာ အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။