Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ ယာယီသမ္မတ သွားလာလှုပ်ရှားနိုင်တာမရှိတော့လို့ ဆေးကုသနေရ၊ ကျန်းမာရေးကောင်းမွန်လာတာမရှိသေးဘူးလို့ဆို

ဇူလိုင်လ (၁၉)ရက်။

စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ နေ့စဉ်ပုံမှန် သွားလာလှုပ်ရှားနိုင်တာမရှိတော့တဲ့အတွက် ဆေးခွင့်‌နဲ့ ဆေးကုသနေရတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဦးမြင့်ဆွေဟာ ၂၀၂၃ခုနှစ် နှစ်ဆန်းပိုင်းကစပြီး လှုပ်ရှားတဲ့အခါ တုန့်နှေးတာနဲ့ အစားအသောက်နည်းတို့ကြောင့် ပုံမှန်ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

သူဟာ အာရုံကြောတွေ နှေးကွေးတုန့်ဆိုင်းတဲ့ရောဂါအပါအ၀င် အာရုံကြောအားနည်းတဲ့ရောဂါတို့ကို ခံစားနေရတာကြောင့် စင်္ကာပူနိုင်ငံမှာ ဆေးကုသခဲ့ပြီး အမှတ်(၂) စစ်ဆေးရုံ ကုတင်(၁၀၀၀)မှာ ဆေးကုသနေရတယ်လို့ ဖော်ပြထားပါတယ်။

ဆေးကုသတဲ့ကာလထဲ ဦးမြင့်ဆွေရဲ့ မျက်စိတွေမှာ ဖြစ်ပွားနေတဲ့ အတွင်းတိမ်တွေကို ခွဲစိတ်ကုသခဲ့ရာ အမြင်အာရုံ ပြန်ကောင်းလာခဲ့ပေမယ့် အာရုံကြောအားနည်းတဲ့ရောဂါကို ခံစားနေရတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် ဇူလိုင်လ (၃၀)ရက်နေ့အထိ ဆေးခွင့်ယူကာ နေအိမ်မှာ အထူးဆေးကုသတဲ့အဖွဲ့ရဲ့ ကျန်းမာရေးစောင့်ရှောက်တာကို ခံယူနေပေမယ့် တိုးတက်ကောင်းမွန်လာတာ မရှိသေးဘူးလို့ ပြောဆိုထားပါတယ်။

ဦးမြင့်ဆွေဟာ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာတာမရှိတဲ့အပြင် အစားအသောက် စားသုံးတာနဲ့ နေ့စဉ်ပုံမှန် သွားလာလှုပ်ရှားနိုင်တာ မရှိသေးဘူးလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 9 Views
ဇွန်လ (၁၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင် မြင်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် လက်တွေ့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံးတွေ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့မှာ ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံးတွေက သူမရဲ့ပုံတွေနဲ့အတူ နှင်းဆီပန်းတွေနဲ့ ဖေ့စ်ဘွခ်စာမျက်နှာတွေမှာ ဓါတ်ပုံပြောင်းလဲတင်ထားကြတယ်လို့
မြန်မာသတင်း

ကိုဗစ်ကြောင့် သေဆုံးသူမရှိဘူးလို့ စစ်ကောင်စီ ပြောနေပေမယ့် မကွေးမှာ ကိုဗစ်လူနာတစ်ဦး သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 12 Views
ဇွန်လ (၁၈)ရက်။ မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ M-Rescue Magway မြေပြင်လူမှုကူညီရေးအသင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မကွေးပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံမှာ ‌ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို
မြန်မာသတင်း

တအာင်းပြည်ကောင်စီ(TLC)ဖွဲ့စည်းတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့ NUCC သဝဏ်လွှာပို့

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ဇွန်လ (၁၈)ရက်။ တအာင်းပြည်ကောင်စီ(TLC) ဖွဲ့စည်းတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့ အမျိုးသားညီညွတ်ရေးကောင်စီ(NUCC)က ဒီကနေ့မှာ သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ NUCC အနေနဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတခုဖြစ်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)ကနေ ကျင်းပခဲ့တဲ့ တအာင်းနိုင်ငံရေးထိပ်သီးအစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာနဲ့ TLC ဖွဲ့စည်းတာတို့ကို
မြန်မာသတင်း

ရွှေတိဂုံစေတီပေါ် အင်္ကျီအဖြူဝတ်ပြီး ပန်းကိုင်လာသူတွေ ဖမ်းဆီးစစ်ဆေးခံရတာတွေရှိနေ

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်ကစပြီး ရန်ကုန်ရှိ ရွှေတိဂုံစေတီပေါ်မှာ အင်္ကျီအဖြူဝတ်ပြီး ပန်းကိုင်လာသူတွေကို လုံခြုံရေးတွေက စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ မြေပြင်သတင်းတွေဆီကနေ သိရပါတယ်။ “ ဒီနေ့ မနက်အစောပိုင်းကစပြီး ရွှေတိဂုံဘုရားပေါ်မှာ အင်္ကျီအဖြူဝတ်ပြီး ပန်းကိုင်လာတဲ့သူတွေကို လုံခြုံရေးတွေက
မြန်မာသတင်း

ငလျင်ကြောင့်ဆိုပြီး စစ်ကောင်စီ ပြန်ဖြေဆိုခိုင်းတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ပျက်ကွက်သူ (၈၀၀)ကျော်ရှိ

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 14 Views
ဇွန်လ (၁၈)ရက်။ ငလျင်ကြောင့်ဆိုကာ စစ်ကောင်စီက ပြန်လည်ဖြေဆိုခိုင်းတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို လာရောက်ဖြေဆိုတာမှာ ပျက်ကွက်သူ (၈၄၉)ဦးရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ကြောင့်ဆိုပြီး ဇွန်လ (၁၆)ရက်နေ့ကစတင်ကာ စစ်ကောင်စီက ‌‌ကချင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်တို့ရှိ မြို့နယ်
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ မှတ်တမ်းဗီဒီယို ထွက်ပေါ်

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 12 Views
‌သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ မှတ်တမ်းဗီဒီယို ထွက်ပေါ် ဇွန်လ (၁၈)ရက်။ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ စီစီတီဗီ မှတ်တမ်းဗီဒီယိုဖိုင်တခု ဂါးဒီးယန်းသတင်းဌာနကနေ ဒီကနေ့မှာ ထွက်ပေါ်လာခဲ့တယ်လို့
မြန်မာသတင်း

တနင်္သာရီတိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG ခေါ်ယူ

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 28 Views
ဇွန်လ (၁၇)ရက်။ တနင်္သာရီတိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG က ခေါ်ယူနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG ကျန်းမာရေးဝန်ကြီးဌာနကနေ အထူးကုဆရာဝန်တွေအပါအဝင် ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးမှူးတွေ၊ သားဖွားဆရာမတွေ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်တွေကို ခေါ်ယူနေတာလို့