ဇူလိုင်လ (၁၉)ရက်။
ဒီကနေ့ နံနက်အစောပိုင်းအချိန်ကစပြီး လားရှိုးမြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
“ နံနက်(၅)နာရီလောက်ကစပြီး အခုနေ့လယ်ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်လာတာပါ။ စကစဘက်ကလဲ လေကြောင်းကနေ ပစ်ကူပေးနေတယ်၊ MNDAA ဘက်ကလဲ ဆက်တိုက်၀င်နေတာ” လို့ မြို့ခံတစ်ဦးက ဆိုပါယ်။
တိုက်ပွဲပြင်းထန်နေတဲ့ လားရှိုးမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ ခုခံတိုက်ခိုက်နေပြီး ဖုန်းလိုင်းတွေလဲ ပြတ်တောက်နေတာကြောင့် ဆက်သွယ်ရေးအခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေဟာ လားရှိုးမြို့အ၀င် မုဒ်ဦးအနီးရှိ စစ်ကောင်စီရဲ့ ခလရ(၄၁)တပ်ရင်းဘက်မှာ ပြင်းထန်နေသလို မြို့ထဲကိုလဲ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းတွေက ဖော်ပြထားပါတယ်။
ဇူလိုင်လ (၁၄)ရက်နေ့ကစပြီး (၁၈)ရက်နေ့အထိ (၄)ရက်ကြာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့က တဖက်သတ် အပစ်ရပ်ကြေညာခဲ့ပြီး ဒီကနေ့မှာတော့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာပါ။
အဲ့ဒီအပစ်ရပ်ကာလ (၄)ရက်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား (၁၈)ဦးသေဆုံးကာ (၁၉)ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။