နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

စစ်ကောင်စီပါ၀င်တဲ့ (၄)နိုင်ငံ အလွတ်သဘောအစည်းအဝေး ချင်းမိုင်မြို့မှာပြုလုပ်ခဲ့

ဩဂုတ်လ (၁၉)ရက်။

ဩဂုတ်လ (၁၅)ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တရုတ်-လာအို-မြန်မာ-ထိုင်း (၄)နိုင်ငံ အလွတ်သဘောအစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(၄)နိုင်ငံအစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပြီး တရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေး၀န်ကြီးတွေ ပါ၀င်တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အစည်းအဝေးထဲ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ တရားမ၀င် နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်း၀ယ်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်တာနဲ့ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှု စတဲ့ တရားမ၀င်လုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ ကတိပြုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အိမ်နီးချင်းနိုင်ငံအနေနဲ့ မြန်မာအရေးနဲ့ပတ်သက်ပြီး အပြုသဘောပူးပေါင်းဆောင်ရွက်တာတွေ ပံ့ပိုးဆောင်ရွက်သွားနိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။

(၄)နိုင်ငံအစည်းအဝေးထဲ မြန်မာနိုင်ငံရဲ့ ရှေ့လုပ်ငန်းစဉ် (၄)ရပ်နဲ့ အာဆီယံရဲ့ တူညီဆန္ဒ (၅)ချက်တို့ကို အပြန်အလှန် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ပြောဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံခရီးစဉ်မှာ တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယိက စစ်ကောင်စီရွေးကောက်ပွဲကို ထောက်ခံကူညီမယ်လို့ ပြောဆိုခဲ့ကာ ပါ၀င်တဲ့နိုင်ငံတွေအနေနဲ့ အကျိုးဆက်တွေကို တာ၀န်ယူရမယ်လို့ NUCC ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ထိပ်တန်းလုံခြုံရေးအကြီးအကဲ သေဆုံးပြီးနောက် အီရန်က လက်စားချေမည်ဟု ကြုံးဝါး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက် ထိုအတောအတွင်း အီရန်၏ ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးအလယ်ပိုင်းတွင်
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 23 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၀)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲကို ဒေသထဲတနေရာမှာ ပြုလုပ်ခဲ့တယ်လို ဒီကနေ့မှာ
မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 34 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပခုက္ကူအနောက်ခြမ်း ကန်တော်ရွာကနေ ညောင်ဂျစ်ပင်ပျူစောထီးရွာကို အင်အား (၇၀)ကျော်နဲ့ ထွက်လာတဲ့
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 30 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဒီကနေ့ နံနက်ပိုင်းကစပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လောက်ကိုင်ကို ရောက်နေကြပြီ။ အပစ်ရပ်တာကတော့
မြန်မာသတင်း

စစ်အုပ်စုဖန်တီးမယ့် ဘယ်လိုနိုင်ငံရေးအစီအမံကိုမှ အသိအမှတ်မပြုဖို့ ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 28 Views
မတ်လ (၁၆)ရက်။ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းကနေ အချက် (၁၀)ချက်ကို အတည်ပြုကြေညာခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအချက်တွေထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ဖန်တီးမယ့် တရားမဝင်လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဘယ်လို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 104 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။ ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 38 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ