နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် KIA ဌာနချုပ်ထဲ ကျဆုံးခဲ့ရတဲ့ ဗိုလ်လောင်းတွေအတွက် အောက်မေ့ဖွယ်အခမ်းအနား AA ပြုလုပ်

နိုဝင်ဘာလ (၁၉)ရက်။

ဒီကနေ့ဟာ KIA ဌာနချုပ်နယ်မြေထဲရှိ ဝေကြိုင်ဘွမ်ဗိုလ်သင်တန်းကျောင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ အလစ်အငိုက် ပစ်ခတ်တာကြောင့် ဗိုလ်လောင်း (၂၃)ဦး ကျဆုံးခဲ့တာ (၁၀)နှစ်ပြည့်တဲ့နေ့လို့ AA ရဲ့ ‌ထုတ်ပြန်ထားချက်အရ သိရပါတယ်။

၂၀၁၄ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့က ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် AA ရဲ့ ဗိုလ်လောင်း (၈)ဦးနဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဗိုလ်လောင်းတွေအပါအဝင် စုစုပေါင်း ဗိုလ်လောင်း (၂၃)ဦး  ကြေလွင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၁၉)ရက်ဟာ ဗိုလ်လောင်းတွေ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးတာ (၁၀)နှစ်ပြည့်ပြီဖြစ်ကာ AA အနေနဲ့ နိုဝင်ဘာလ (၁၉)ရက်နေ့ရောက်တိုင်း ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီအခမ်းအနားကို စစ်ရေး၊ နိုင်ငံရေးအခြေအနေပေါ်မူတည်ကာ ပြုလုပ်ပြီး ဗိုလ်လောင်းတွေ လဲလျောင်းတဲ့ အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေချ ဂါရဝပြုတာနဲ့ တပ်စခန်းတွေမှာ အောင်လံတဝက် လွှင့်တာတို့ကို နှစ်တိုင်းပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အခု (၁၀)နှစ်ပြည့်မှာလဲ စစ်ရေးအခြေအနေအရ ကျဆုံးဗိုလ်လောင်းတွေအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်အခမ်းအနားကို အကျဉ်းချုပ်အနေနဲ့သာ ပြုလုပ်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

AA အနေနဲ့ နိုဝင်ဘာလ (၁၉)ရက်နေ့ကို ဘယ်တော့မှ မေ့မှာမဟုတ်တဲ့အပြင် ဗိုလ်လောင်းတွေရဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်ခဲ့တာတွေကို အမြဲတမ်းသတိရနေမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စလင်းမြို့ ခလရ(၂၅၃)က စစ်ကောင်စီတပ်သား(၂)ဦး ထွက်ပြေးအလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဇန်နဝါရီလ (၂၇)ရက်။ မနေ့က စလင်းမြို့ရှိ စစ်ကောင်စီရဲ့ ခလရ(၂၅၃)တပ်စခန်းက တပ်သား (၂)ဦး ထွက်ပြေးအလင်းဝင်လာတယ်လို့ ဒေါင်းစစ်အောင်(LPDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်တွေကို ဓါးပြတိုက်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဇန်နဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်က မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်တွေကို ဓါးပြတိုက်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ ရာအိမ်မှူးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မန်းခရိုင်ပကဖရဲ့
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ ထပ်မံဗုံးကြဲခံရ၊ အရပ်သားတစ်ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဇန်နဝါရီလ (၂၇)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီ (၁၈)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့ ညဈေးတန်းနဲ့ ခရိုင်ရုံးပေါ်ကို ဗုံးထပ်ကြဲသွားတာ။ အရပ်သားထိခိုက်သေဆုံးတာနဲ့
မြန်မာသတင်း

ဗန်းမော်လေယာဉ်ကွင်းနဲ့ စရဖရုံးတို့ကို KIA သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 1 Views
ဗန်းမော်လေယာဉ်ကွင်းနဲ့ စရဖရုံးတို့ကို KIA သိမ်းပိုက်နိုင်ခဲ့ ဇန်နဝါရီလ (၂၇)ရက်။ ဗန်းမော်လေယာဉ်ကွင်းနဲ့ အနီးရှိ စစ်ကောင်စီရဲ့ စရဖရုံးတို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ အခု
မြန်မာသတင်း

ရေကြည်မြို့မှာ အရက်သေစာသောက်စားပြီး ချောင်းထဲရေဆင်းကူးတဲ့ စစ်ကောင်စီရဲ(၃)ဦး ရေနစ်သေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 4 Views
ဇန်နဝါရီလ (၂၇)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့က ပုသိမ်ခရိုင် ရေကြည်မြို့ သီတာကုန်းပြင်ရှိ ချောင်းထဲ အရက်သေစာသောက်ပြီး ရေဆင်းကူးတဲ့ စစ်ကောင်စီရဲ(၃)ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ သီတာကုန်းပြင်က ချောင်းထဲ အရက်သောက်ပြီး ရေဆင်းကူးတဲ့
1027 Operations မြန်မာသတင်း

ရှမ်းမြောက်မှာ KIA နဲ့ TNLA တို့ နယ်မြေအငြင်းပွားနေကာ စစ်ရေးတင်းမာနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 7 Views
ဇန်နဝါရီလ (၂၇)ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)က ဒေသတွေမှာ KIA နဲ့ TNLA တို့အကြား နယ်မြေအငြင်းပွားတာတွေနဲ့ပတ်သက်ပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေအရ သိရပါတယ်။ “ သမိုင်းအစဉ်အလာအရဆိုရင်တော့ အခုနယ်မြေအငြင်းပွားနေတဲ့ ရှမ်းမြောက်က နေရာတွေက TNLA မပေါ်ခင်ကထဲက KIA
မြန်မာသတင်း

လေကြောင်းရန်ကာကွယ်တဲ့နည်းလမ်းတွေ လိုက်နာဖို့ TNLA အသိပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 8 Views
ဇန်နဝါရီလ (၂၇)ရက်။ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာကြဖို့ TNLA က မနေ့က အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့
မြန်မာသတင်း

စစ်ကောင်စီလက်ထက် သတင်းသမား (၄၃)ဦး ဖမ်းဆီးခံထားရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 9 Views
ဇန်နဝါရီလ (၂၇)ရက်။ စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းတဲ့ (၄)နှစ်တာကာလထဲ သတင်းမီဒီယာသမား (၄၃)ဦး အကျဉ်းကျခံနေရတယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ((IPCM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ သတင်းသမားဦးရေ (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်တွေထဲ သတင်းသမား အနည်းဆုံး (၃၀)ကျော်ကနေ အများဆုံး