ဒီဇင်ဘာလ (၁၉)ရက်။
မွန်တော်လှန်ရေး (၄)ဖွဲ့က တစ်ခုထဲသော မွန်တပ်တော် ပေါ်ထွန်းလာဖို့ကို အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မွန်တော်လှန်ရေး (၄)ဖွဲ့ဟာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)နဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ဖြစ်ပါတယ်။
မွန်တော်လှန်ရေးတပ်ဖွဲ့ (၄)ဖွဲ့ဟာ မနေ့က တော်လှန်ရေးနယ်မြေတစ်နေရာမှာ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ မွန်တော်လှန်ရေးတပ်တွေ အားလုံးပါဝင်တဲ့ တစ်ခုထဲသော မွန်တပ်တော် ပေါ်ထွန်းလာဖို့ကို အကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ကြတာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မွန်တော်လှန်ရေးတပ်ဖွဲ့ (၄)ဖွဲ့က ပထမအဆင့်အနေနဲ့ ပူးတွဲစစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ကိုလဲ သဘောတူညီခဲ့ကြတယ်လို့ ပြောဆိုထားပါတယ်။
အခုလို မွန်တော်လှန်ရေးတပ်ဖွဲ့တွေ ဗျူဟာမြောက် ပေါင်းစည်းဖို့ကို ပြည်တွင်းပြည်ပရှိ မွန်တိုင်းရင်းသားတွေက တိုက်တွန်းတောင်းဆိုတာတွေရှိကာ တောင်းဆိုချက်တွေအပေါ် အလေးထားတာကြောင့်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။