ဇန်နဝါရီလ (၂၀)ရက်။
ဇန်နဝါရီလ (၁၉)ရက်နေ့က ရန်ကုန်မြို့မှာ စစ်အာဏာရှင်စနစ်(စစ်သုံးစစ်) ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို တော်လှန်လူငယ်အဖွဲ့တွေက ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီဆန့်ကျင်လှုပ်ရှားမှုမှာ “ အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆိီသို့” နဲ့ “ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်” စာသားပါ ဘန်နာတွေကို ကိုင်စွဲခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီလှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်နဲ့ GSC ကော်မတီဝင် အဖွဲ့တွေဖြစ်တဲ့ မင်္ဂလာတောင်ညွှန့်၊ တာမွေနဲ့ သာကေတမြို့နယ်တို့က သပိတ်ကော်မတီတွေအပါအ၀င် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ Yangon Revolution Force (YRF)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။