ဇန်နဝါကီလ (၂၀)ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဝှေခါဗျူဟာကုန်းကို ဒီကနေ့ နံနက်ပိုင်းမှာ KIA နဲ့ KNDF တို့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီရဲ့ ဝှေခါဗျူဟာကုန်းကို KIA နဲ့ KNDF တို့ပူးပေါင်းပြီး ဇန်နဝါရီလ (၆)ရက်က စတင်တိုက်ခိုက်ခဲ့ရာ (၁၅)ရက်အကြာမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဗျူဟာကုန်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့ကာ ဝှေခါရဲစခန်းကိုသာ ကနဦးရရှိခဲ့ပြီး ဒီကနေ့မှာတော့ စစ်ကောင်စီဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဗျူဟာကုန်းကို သိမ်းပိုက်ရရှိခဲ့တဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့၀င် ဗိုလ်မှူးတစ်ဦးနဲ့ စစ်သားအချို့ ထွက်ပြေးသွားခဲ့တာကြောင့် ဖမ်းဆီးရမိဖို့နဲ့ နယ်မြေရှင်းလင်းရေးတွေ ပြုလုပ်နေတယ်လို့ ပြောဆိုထားပါတယ်။
ဝှေခါဗျူဟာကုန်းဟာ ဖားကန့်နဲ့ အင်းတော်ကြီးဒေသကို ချိတ်ဆက်ထားတဲ့ စခန်းကုန်းတစ်ခုဖြစ်ပြီး KIA၊ KPDF ရဲ့ အခုနှစ်အတွက် ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းကုန်းဖြစ်တယ်လို့ သိရပါတယ်။