ဩဂုတ်လ (၂၀)ရက်။
ဩဂုတ်လ (၁)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ သီပေါမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အရပ်သား (၁၄)ဦးသေဆုံးကာ (၄၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဩဂုတ်လ (၁၈)ရက်နေ့က သီပေါရှိ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (၂၃)အနီးက နားမုံရပ်ကွက်ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား (၂)ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က နေ့လယ် (၁၁)နာရီခွဲကလဲ သီပေါ်မြို့၊ ကျောက်စုရပ်ကွက်ရှိ AAA ရဲ့ ဆီသိုလှောင်ကန်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကာ မီးလောင်ခဲ့ပြီး TNLA မီးသတ်တပ်ဖွဲ့နဲ့ မြို့ခံပြည်သူတွေ ဝိုင်း၀န်းငြှိမ်းသတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဩဂုတ်လ (၁၆)ရက်နေ့က သီပေါမြို့၊ နမ်လန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုလို တအောင်းပြည်ထဲ စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထား ရည်ရွယ်ပြီး လေကြောင်းပစ်ခတ်တိုက်ခိုက်တဲ့အပေါ် ဒေသတွင်းအရပ်ဖက်အဖွဲ့တွေက အပြင်းအထန် ရှုတ်ချထားတယ်လို့ သိရပါတယ်။