ဩဂုတ်လ (၂၀)ရက်။
ဒီကနေ့ တန့်ဆည်မြို့မရဲစခန်းက စစ်ကောင်စီရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း၀င်လာခဲ့တယ်လို့ Freedom Revolution Force(FRF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တန့်ဆည်မြို့မရဲစခန်းမှာ တာ၀န်ထမ်းဆောင်နေတဲ့ စစ်ကောင်စီရဲဒုတပ်ကြပ်ဟာ G3 (၁)လက်၊ ကျည်ဘောက် (၂)ခု၊ ၇.၆၂ ကျည် (၁၇၃)တောင့်၊ ၅.၅၆ ကျည် (၁)တောင့်၊ 9mm ပစ်စတိုကျည် (၇)တောင့်၊ ၉လုံးရှော့ဂန်းကျည် (၁)တောင့်၊ လက်ပစ်ဗုံး (၁)လုံးနဲ့ လက်ထိပ် (၁)ခု ယူဆောင်လာပြီး အလင်း၀င်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲဒုတပ်ကြပ်ဟာ Freedom Revolution Force (FRF)နဲ့ မင်းကင်းရင်း (၂) ပူးပေါင်းအဖွဲ့ထံ အလင်း၀င်လာခဲ့တာလို့ ဖော်ပြထားပါတယ်။
လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း၀င်လာတဲ့ စစ်ကောင်စီရဲဒုတပ်ကြပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက လုံခြုံတဲ့နေရာအထိ သွားရောက်ခေါ်ဆောင်လာခဲ့တာလို့ ပြောဆိုထားချက်အရ သိရပါတယ်။

