ဩဂုတ်လ (၂၀)ရက်။
ဒီကနေ့ တစ်ရက်ထဲ ထီးချိုင့်မြို့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ စုစုပေါင်း (၆၇)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Tigyaing Revolution(TR)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ထီးချိုင့်မြို့ကို စစ်ကောင်စီဟာ လေကြောင်းကနေ နံနက် (၄)နာရီခွဲအချိန်ကစပြီး နံနက် (၆)နာရီအထိ ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ (၁၄)ကြိမ်အထိရှိခဲ့ပြီး အဲ့ဒီအထဲမှာ ပေါင် (၅၀၀)ဗုံးသီးနဲ့ (၃)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ထီးချိုင့်မြို့အနီးရှိ နီတာ၊ န၀ရတ်၊ စံပြ၊ ကုက္ကိုကိုင်းရွာနဲ့ မြတောင်ဘက်ကမ်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နီတာဘက်မှာ အရပ်သားတစ်ဦးနဲ့ နွား (၃)ကောင် ထိခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာမှာ Y-12 လေယာဉ်နဲ့ (၁၄)ကြိမ်၊ ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။