ဩဂုတ်လ (၂၀)ရက်။
ဒီကနေ့ နံနက် (၉)နာရီအချိန်က ရေစကြိုမြို့၊ အထက(၁) စာသင်ကျောင်းအနီးရှိ စစ်ကောင်စီတပ်တွေကို အလစ်၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အထက(၁)စာသင်ကျာင်းအနီးမှာရှိတဲ့ စစ်ခွေးတွေကို အလစ်၀င်တိုက်ခဲ့တာ၊ ခွေးအားလုံး ကျဆုံးသွားပါတယ်။ လမ်းမပေါ်က လက်နက်တွေကို ကောက်ယူဖို့ ကြိုးစားတဲ့အချိန် ခုခံပြန်ပစ်တာကြောင့် မကောက်ယူနိုင်ခဲ့ဘူး” လို့ MBT က ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာကြောင့် (၆)ဦးသေဆုံးတာကို တွေ့ရှိခဲ့ပြီး (၃)ဦးဒဏ်ရာရရှိခဲ့ကာ လမ်းမပေါ်ရှိ လက်နက်တွေကို ကောက်ယူဖို့ ကြိုးစားခဲ့ပေမယ့် ရုံးပေါင်းစုံဂိတ်နဲ့ စိုက်ပျိုးရေးရုံးထဲက စစ်ကောင်စီတပ်တွေရဲ့ ပြန်လည်ခုခံပစ်ခတ်တာကြောင့် မကောက်ယူနိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကာ ပြည်သူတွေ ထိခိုက်ဆုံးရှုံးခဲ့ရတယ်လို့လဲ ရေးသားထားပါတယ်။
အခုလို တိုက်ခိုက်တဲ့ဖြစ်စဉ်အပြီး စစ်ကောင်စီတပ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် တော်လှန်ရေးရဲဘော်တွေက စိတ်နှလုံးညှိုးငယ်ပြီး မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲရတယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို Myingyan Black Tiger(MBT) မြင်းခြံခရိုင် အမှတ်(၉) တပ်ရင်းနဲ့အတူ Southern YSO PDF၊ People Security’s Force(Yesagyo)နဲ့ TPG မြို့ပြပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။