နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း အမေရိကန်

အမေရိကန် ယူးတားပြည်နယ်တွင် မြန်မာဒုက္ခသည်မိသားစု ဖခင်ဖြစ်သူက ဇနီးနှင့် ကလေး ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်၊

**သားကြီးဖြစ်သူတစ်ဦးတည်း ဒဏ်ရာပြင်းထန်စွာနဲ့ အသက်ရှင်ကျန်ရစ်**

ဒီဇင်ဘာလ (၂၀) ရက်။

အမေရိကန်ပြည်ထောင်စု၊ ယူးတားပြည်နယ်၊ ဆော့လိပ်စီးတီးမြို့မှာ မြန်မာဒုက္ခသည် မိသားစုတစ်စုရဲ့ ဖခင်ဖြစ်သူက သူ့မိန်းမနဲ့ ကလေး (၄) ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့ ရဲတွေက ထင်မြင်ယူဆထားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ အမေရိကန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် (၁၈) နှစ်အရွယ် သားအကြီးဆုံး Sha Reh ဖြစ်သူဟာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဦးနှောက်မှာ ပြင်းထန်တဲ့ဒဏ်ရာ ရရှိသွားပြီး လက်ရှိအချိန်မှာ ဆေးကုသမှုခံယူနေဆဲ ဖြစ်တယ်လို့ သိရှိရပါတယ်။ Sha Reh ဟာ ပြီးခဲ့တဲ့ စနေနေ့ကမှ ၁၈ နှစ် ပြည့်ခဲ့တာလို့ သိရပါတယ်။

ဒီပစ်ခတ်မှုဟာ သီတင်းပတ်ကုန်က ဖြစ်ခဲ့တယ်လို့ ရဲတွေက ယုံကြည်နေပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဆွေမျိုးတဦးက သူတို့မိသားစုကို သွားရောက်စစ်ဆေးပေးဖို့ တောင်းဆိုလို့ ရဲတွေက အိမ်ကို သွားရောက်ကြည့်ရှုခဲ့ပမယ့် အရေးပေါ်အခြေအနေ ဖြစ်နေတာမျိုး မတွေ့ရတဲ့အတွက် အိမ်ထဲကို မဝင်ရောက်ခဲ့ဘူးလို့ ဆိုပါတယ်။ နောက်တနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ အဲ့ဒီဆွေမျိုးက သူတို့အိမ်ကို သွားရောက်ကြည့်ရှုရာမှာ ဂိုထောင်ထဲမှာ အသက် (၁၈) နှစ်အရွယ် သားအကြီးဆုံးဖြစ်သူကို ဦးခေါင်းမှာ သေနတ်မှန်ထားတဲ့ဒဏ်ရာနဲ့ တွေ့ရှိရတဲ့အတွက် ရဲကို အကြောင်းကြားလိုက်တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ရဲတွေ ရောက်လာတဲ့အခါ အိမ်ထဲမှာ မိသားစုရဲ့အလောင်းတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဖခင်ဖြစ်သူ Dae Reh (အသက် ၄၂နှစ်)၊ မိခင်ဖြစ်သူ Bu Meh (အသက် ၃၈ နှစ်)၊ ကလေးတွေဖြစ်ကြတဲ့ သား Boe Reh (အသက် ၁၁ နှစ်)၊ သမီး Kristina Ree (အသက် ၈ နှစ်) နဲ့ သမီး Nyay Meh (အသက် ၂ နှစ်) တို့ရဲ့ အလောင်း ၅ လောင်းကို တွေ့ရှိခဲ့ရတယ် သိရပါတယ်။ ဖခင်ရဲ့ ရုပ်အလောင်းအောက်မှာ သေနတ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သူတို့မိသားစုဟာ အမေရိကန်ပြည်ထောင်စုကို လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က ကရင်နီပြည်နယ်ထဲမှာ စစ်ဘေးရှောင်ရင်း ထိုင်းနိုင်ငံထဲက ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ပြီးမှ အမေရိကန်နိုင်ငံကို မိသားစုလိုက် ပြောင်းရွှေ့အခြေချခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာ အမေရိကန်အိမ်မက်ကို အကောင်အထည်ဖော်ဖို့ မိခင်ဖြစ်သူ Bu Meh ဟာ အင်္ဂလိပ်စာနဲ့ အခြားလိုအပ်တဲ့ အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်မှုတွေကို သူ့ဘာသာသူ ကြိုးစားသင်ယူခဲ့ပြီး မိသားစုအတွက် နိုင်ငံသစ်မှာဘဝသစ်နဲ့အောင်မြင်နိုင်ဖို့ ရိုးရိုးသားကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ သွားခဲ့ပေမဲ့ Bu Meh ဟာ အမေရိကန်မှာ မိသားစု အခြေတကျဖြစ်အောင် ကြိုးပမ်းနိုင်ခဲ့သူဖြစ်တယ်လို့ သူ့ဆွေမျိုးတွေက ပြောပါတယ်။

သူမရဲ့ ဆွေမျိုးတစ်ဦးကတော့ “ကျွန်မတို့ နားမလည်နိုင်တဲ့ အကြောင်းတွေကြောင့် ခင်ပွန်းသည်က သူမနဲ့ သူမရဲ့ ကလေးတွေရဲ့ အသက်နဲ့ သူတို့ရဲ့ ဘဝတွေကို လုယူခဲ့တာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆွေမျိုးတွေက အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့ Sha Reh ကို သူတို့ရဲ့ သူရဲကောင်းလို့ ခေါ်ဝေါ်ခဲ့ကြပြီး “ပြန်လည်နာလန်ထဖို့ ထူထောင်ရေးအတွက် ရှည်လျားရှုပ်ထွေးတဲ့လမ်း” ကို ရင်ဆိုင်ရအုံးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အွန်လိုင်းကနေ Sha Reh ကို ပြုစုစောင့်ရှောက်ဖို့နဲ့ ကောလိပ်တက်နိုင်ဖို့ အလှူငွေတွေ ကူညီကောက်ခံပေးနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 22 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 26 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 27 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 22 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 31 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး
မြန်မာသတင်း

၂၀၂၇ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 23 Views
ဧပြီလ (၁၁)ရက်။ အခုနှစ်နဲ့ ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မမှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၁၇)နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုကာလဟာ စစ်ပွဲကာလဖြစ်ပြီး အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေရပြီး စစ်ကောင်စီက တိုက်ပွဲမှာ
မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 31 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ ဒီကနေ့ နေ့ထူးနေ့မြတ်ကစပြီး AA
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 200 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ စိုးဝင်းအပါအဝင် (၁၁)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ကိုကိုလှိုင်၊ သန်းဆွေ၊