နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း အမေရိကန်

အမေရိကန် ယူးတားပြည်နယ်တွင် မြန်မာဒုက္ခသည်မိသားစု ဖခင်ဖြစ်သူက ဇနီးနှင့် ကလေး ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်၊

**သားကြီးဖြစ်သူတစ်ဦးတည်း ဒဏ်ရာပြင်းထန်စွာနဲ့ အသက်ရှင်ကျန်ရစ်**

ဒီဇင်ဘာလ (၂၀) ရက်။

အမေရိကန်ပြည်ထောင်စု၊ ယူးတားပြည်နယ်၊ ဆော့လိပ်စီးတီးမြို့မှာ မြန်မာဒုက္ခသည် မိသားစုတစ်စုရဲ့ ဖခင်ဖြစ်သူက သူ့မိန်းမနဲ့ ကလေး (၄) ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့ ရဲတွေက ထင်မြင်ယူဆထားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ အမေရိကန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် (၁၈) နှစ်အရွယ် သားအကြီးဆုံး Sha Reh ဖြစ်သူဟာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဦးနှောက်မှာ ပြင်းထန်တဲ့ဒဏ်ရာ ရရှိသွားပြီး လက်ရှိအချိန်မှာ ဆေးကုသမှုခံယူနေဆဲ ဖြစ်တယ်လို့ သိရှိရပါတယ်။ Sha Reh ဟာ ပြီးခဲ့တဲ့ စနေနေ့ကမှ ၁၈ နှစ် ပြည့်ခဲ့တာလို့ သိရပါတယ်။

ဒီပစ်ခတ်မှုဟာ သီတင်းပတ်ကုန်က ဖြစ်ခဲ့တယ်လို့ ရဲတွေက ယုံကြည်နေပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဆွေမျိုးတဦးက သူတို့မိသားစုကို သွားရောက်စစ်ဆေးပေးဖို့ တောင်းဆိုလို့ ရဲတွေက အိမ်ကို သွားရောက်ကြည့်ရှုခဲ့ပမယ့် အရေးပေါ်အခြေအနေ ဖြစ်နေတာမျိုး မတွေ့ရတဲ့အတွက် အိမ်ထဲကို မဝင်ရောက်ခဲ့ဘူးလို့ ဆိုပါတယ်။ နောက်တနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ အဲ့ဒီဆွေမျိုးက သူတို့အိမ်ကို သွားရောက်ကြည့်ရှုရာမှာ ဂိုထောင်ထဲမှာ အသက် (၁၈) နှစ်အရွယ် သားအကြီးဆုံးဖြစ်သူကို ဦးခေါင်းမှာ သေနတ်မှန်ထားတဲ့ဒဏ်ရာနဲ့ တွေ့ရှိရတဲ့အတွက် ရဲကို အကြောင်းကြားလိုက်တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ရဲတွေ ရောက်လာတဲ့အခါ အိမ်ထဲမှာ မိသားစုရဲ့အလောင်းတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဖခင်ဖြစ်သူ Dae Reh (အသက် ၄၂နှစ်)၊ မိခင်ဖြစ်သူ Bu Meh (အသက် ၃၈ နှစ်)၊ ကလေးတွေဖြစ်ကြတဲ့ သား Boe Reh (အသက် ၁၁ နှစ်)၊ သမီး Kristina Ree (အသက် ၈ နှစ်) နဲ့ သမီး Nyay Meh (အသက် ၂ နှစ်) တို့ရဲ့ အလောင်း ၅ လောင်းကို တွေ့ရှိခဲ့ရတယ် သိရပါတယ်။ ဖခင်ရဲ့ ရုပ်အလောင်းအောက်မှာ သေနတ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သူတို့မိသားစုဟာ အမေရိကန်ပြည်ထောင်စုကို လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က ကရင်နီပြည်နယ်ထဲမှာ စစ်ဘေးရှောင်ရင်း ထိုင်းနိုင်ငံထဲက ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ပြီးမှ အမေရိကန်နိုင်ငံကို မိသားစုလိုက် ပြောင်းရွှေ့အခြေချခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာ အမေရိကန်အိမ်မက်ကို အကောင်အထည်ဖော်ဖို့ မိခင်ဖြစ်သူ Bu Meh ဟာ အင်္ဂလိပ်စာနဲ့ အခြားလိုအပ်တဲ့ အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်မှုတွေကို သူ့ဘာသာသူ ကြိုးစားသင်ယူခဲ့ပြီး မိသားစုအတွက် နိုင်ငံသစ်မှာဘဝသစ်နဲ့အောင်မြင်နိုင်ဖို့ ရိုးရိုးသားကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ သွားခဲ့ပေမဲ့ Bu Meh ဟာ အမေရိကန်မှာ မိသားစု အခြေတကျဖြစ်အောင် ကြိုးပမ်းနိုင်ခဲ့သူဖြစ်တယ်လို့ သူ့ဆွေမျိုးတွေက ပြောပါတယ်။

သူမရဲ့ ဆွေမျိုးတစ်ဦးကတော့ “ကျွန်မတို့ နားမလည်နိုင်တဲ့ အကြောင်းတွေကြောင့် ခင်ပွန်းသည်က သူမနဲ့ သူမရဲ့ ကလေးတွေရဲ့ အသက်နဲ့ သူတို့ရဲ့ ဘဝတွေကို လုယူခဲ့တာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆွေမျိုးတွေက အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့ Sha Reh ကို သူတို့ရဲ့ သူရဲကောင်းလို့ ခေါ်ဝေါ်ခဲ့ကြပြီး “ပြန်လည်နာလန်ထဖို့ ထူထောင်ရေးအတွက် ရှည်လျားရှုပ်ထွေးတဲ့လမ်း” ကို ရင်ဆိုင်ရအုံးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အွန်လိုင်းကနေ Sha Reh ကို ပြုစုစောင့်ရှောက်ဖို့နဲ့ ကောလိပ်တက်နိုင်ဖို့ အလှူငွေတွေ ကူညီကောက်ခံပေးနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဲခူးရိုးမထဲ (၃)ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၀)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 5 Views
မေလ (၂၄)ရက်။ မေလ (၂၂)ရက်နေ့ကစပြီး ပဲခူးရိုးမထဲ (၃)ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာပြီး သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)
မြန်မာသတင်း

NMSP-AD နဲ့ MLA တို့ ပူးပေါင်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်း

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 12 Views
မေလ (၂၄)ရက်။ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ပေါင်းစည်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NMSP-AD
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 8 Views
မေလ (၂၄)ရက်။ မနေ့က ညနေ (၅)နာရီအချိန်က ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ကော့ကရိတ်မြို့ ဘလယ်ဒိုကျေးရွာအနီး ကျူးကျော်တပ်စွဲထားတဲ့ ဘလယ်ဒိုတပ်စခန်းကို KNLA
မြန်မာသတင်း

အနုပညာရှင်တွေဟာ နိုင်ငံရေးထဲ ဝင်ရောက်ဆောင်ရွက်တဲ့အတွက် မဖြစ်သင့်တာတွေဖြစ်ရတာဆိုပြီး စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 9 Views
မေလ (၂၄)ရက်။ အနုပညာရှင်တွေဟာ ပါတီနိုင်ငံရေးထဲ ဝင်ရောက်‌ဆောင်ရွက်ခဲ့တာကြောင့် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာဆိုပြီး စစ်ကောင်စီဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ရန်ကုန် ဗဟန်းရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အချို့အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်ရမယ့်အစား
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အမာခံ ဆောင်ရွက်ပေးမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 11 Views
မေလ (၂၄)ရက်။ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အမာခံ ဆောင်ရွက်ပေးသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ကျိုင်းတုံတပ်နယ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်တပ်အနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့အတွက်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရသည် ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများကို ကျောင်းလက်ခံနိုင်မှုအား တားမြစ်လိုက်ပြီး လက်ရှိ ကျောင်းသားများကို လွှဲပြောင်းပေးရန် တောင်းဆို၊ ဟားဗတ်တက္ကသိုလ်က ပြန်လည်တရားစွဲ

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 16 Views
မေလ (၂၃) ရက်။ ထရန့်အစိုးရသည် ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများကို ကျောင်းလက်ခံနိုင်မှုအား ရုပ်သိမ်းလိုက်သည်။ တက္ကသိုလ်နှင့်ပတ်သက်၍ အစိုးရမှ တောင်းဆိုသော မူဝါဒအပြောင်းအလဲများကို ငြင်းဆန်သည့်အခါမှ စတင်ခဲ့သော တက္ကသိုလ်နှင့် ထရန့်အစိုးရတို့၏ ပဋိပက္ခသည် ပိုမိုနက်ရှိုင်းလာသည်။ “
မြန်မာသတင်း

မင်းကင်းနယ် မင်းစုရွာကို စစ်ကောင်စီဗုံးကြဲ ကလေးငယ် ခြောက်ဦး အပါအဝင် ၁၁ ဦး သေဆုံးကာ ဒဏ်ရာရသူလည်း များပြား

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 22 Views
မေလ (၂၃) ရက်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းစုကျေးရွာကို ဒီကနေ့ မေလ ၂၃ ရက်မွန်းလွဲ ၂နာရီခန့်မှာ စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ခြောက်ဦး အပါအဝင် အရပ်သားပြည်သူ ၁၁ ဦး
မြန်မာသတင်း

ပခုက္ကူမှာ KTV သွားဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ပေါင်းစု ဖမ်းမိ

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 15 Views
မေလ (၂၃)ရက်။ မေလ (၁၈)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ပခုက္ကူမြို့ ဘုန်းကံရွာ စစ်ဆေးရေးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းမိခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုန်းကံရွာ