နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမျိုးသမီးများကို လတ်တလော စစ်မှုထမ်းဆင့်ခေါ်ရန် မရှိဟု စစ်ကောင်စီဆို

ဖေဖော်ဝါရီလ (၂၁) ရက်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပြီး လူငယ်တွေ အစုလိုက်အပြုံလိုက် နိုင်ငံတွင်းမှ ထွက်ခွာရန် ကြိုးပမ်းလာချိန်မှာ စစ်ကောင်စီက လတ်တလောအနေနဲ့ အမျိုးသမီးတွေကို စစ်မှုထမ်းဆင့်ခေါ်ရန် အစီအစဉ်မရှိဘူးလို့ မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စစ်ကောင်စီဘက်က ထုတ်ပြန်လိုက်ပါတယ်။

“ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်စေရာမှာ အမျိုးသားဦးရေ ၆ သန်းထဲကမှ ၁ ရာခိုင်နှုန်း၊ ၆ သောင်းနီးပါးလောက်ပဲ ကျွန်တော်တို့ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါတွေကလည်း အလှည့်ကျဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်ကို ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ နဲ့ပတ်သက်ပြီး ပြည်သူလူထု စိုးရိမ်ထိတ်လန့်မှု ဖြစ်အောင် မီဒီယတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို ဆက်တိုက်ဖွဲ့စည်းနေပြီး စစ်ကောင်စီဘက်က အလျင်အမြန် ဆောင်ရွက်လာတာကို တွေ့ရပါတယ်။

စစ်အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေလက်ထက်မှာ ပြင်ဆင်အတည်ပြုခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ (၁၀) ရက်မှာ အသက်သွင်းလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စစ်တပ်ဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စလိုက်ပြီးကတည်းက ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲ့နဲ့ တိုက်တဲ့တိုက်ပွဲတိုင်းမှာ ရှုံးနိမ့်လာခဲ့ပြီး လက်ရှိ AA နဲ့ တိုက်တဲ့တိုက်ပွဲတွေမှာလည်း အရှုံးနဲ့ ရင်ဆိုင်နေရသလို စစ်မတိုက်တော့ဘဲ လက်နက်ချအညံ့ခံတဲ့ တပ်ဖွဲ့ဝင်တွေလည်း များပြားလာတဲ့အတွက် စစ်ရှုံးနိမ့်နေချိန် စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းလိုက်တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးဦးဆောင်အဖွဲ့တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 18 Views
မတ်လ (၁၀)ရက်။ NUG အနေနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေအကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေဖို့အတွက် အချိန်ပေး တွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက
မြန်မာသတင်း

ထရမ့်အစိုးရ ရင်ဆိုင်နေရသော ဆိုးရွားသည့် ရွေးချယ်မှု- စီးပွားရေး ပျက်ကပ်လား သို့မဟုတ် ရေတပ် ပြိုကျမှုလား?

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ထရမ့်အစိုးရသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် ရေတပ်ဆိုင်ရာ
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 27 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က ညောင်လေးပင်မြို့ရှိ ကျေးရွာတွေကို စစ်ကြောင်း (၄)ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 25 Views
မတ်လ (၉)ရက်။ မတ်လ (၇)ရက်နေ့ နံနက် (၂)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကစယ်ဒိုမြို့ ဘန်းချောင်းရွာအုပ်စုမှာ ဗိုလ်စောအယ်ခွီး(ခ)ကော်လားဖိုး
မြန်မာသတင်း

ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး လုံးဝထွက်ခွင့်မပြုဖို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 30 Views
မတ်လ (၉)ရက်။ ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက် လုံးဝ ထွက်ခွင့်မပြုဖို့ NUG ရဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီက မတ်လ (၆)ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အခုအချိန်ဟာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကနေ နိုင်ငံတကာကို ရေနံတင်သွင်းတာ
မြန်မာသတင်း

မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 26 Views
မတ်လ (၉)ရက်။ မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့အားလုံး ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ မင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ရင်းကို သတင်းပို့ပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။ နောက်ပြီး နယ်မြေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလွဲပြီး
မြန်မာသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေက NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
မတ်လ (၉)ရက်။ NUG တပ်ရင်းတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေနဲ့ ဂျန်ဒါတန်းတူညီမျှမှုအဖွဲ့တွေက ယာယီသမ္မတ ဒူးဝါလရှီးလထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအိတ်ဖွင့်ပေးစာကို မနေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပေးပို့ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့