နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝင်းနိမ္မိတာရုံဆရာတော်ဖြစ်စဉ် လိမ်တာပေါ်သွားတဲ့စစ်ကောင်စီက အဖြစ်မှန်ဖော်ထုတ်အရေးယူမယ်လို့ပြော

ဝင်းနိမ္မိတာရုံဆရာတော်ဖြစ်စဉ် လိမ်တာပေါ်သွားတဲ့စစ်ကောင်စီက အဖြစ်မှန်ဖော်ထုတ်အရေးယူမယ်လို့ပြော

ဇွန်လ (၂၁)ရက်။

ဇွန်လ(၁၉)ရက်‌နေ့က စစ်တပ်ရဲ့ပစ်ခတ်တာကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ဝင်းနိမ္မိတာရုံဆရာတော်ဖြစ်စဉ်မှန်ကို ပြန်လည်ဖော်ထုတ် အရေးယူသွားမယ်ဆိုပြီး စစ်ကောင်စီရဲ့ပဲခူးတိုင်းအစိုးရအဖွဲ့က ဆရာတော်တွေဆီ သွားရောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့တဲ့အပေါ် စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့တဲ့သတင်းနဲ့ အခင်းဖြစ်စဉ်ထဲရှိခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်ရဲ့ မိန့်ကြားချက်တွေဟာ ကွဲလွဲနေတာကြောင့် စစ်ကောင်စီရဲ့ ဗြောင်လိမ်ခဲ့တာဟာ ပိုမိုပေါ်လွင်နေပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောဆိုတာတွေ ကွဲလွဲခဲ့တဲ့အပေါ် ဖြစ်စဉ်အမှန်ကို ဖော်ထုတ်ပြီး လိုအပ်သလို စိစစ်အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ပဲခူးတိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူက ကျောင်းတိုက်ရှိ ဆရာတော်တွေဆီကို မနေ့က သွားရောက်ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်နဲ့ ကန်သုံးဆင့်ဆရာတော်တို့ လိုက်ပါစီးနင်းလာတဲ့ကားဟာ ငါးဇွန်-မြို့သာလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ပစ်ခတ်ခဲ့တဲ့အတွက် ဝင်းနိမ္မိတာရုံဆရာတော်ဟာ နေရာမှာပဲ ပျံလွန်တော်မူသွားခဲ့တာလို့ စစ်ကောင်စီသာသနာရေးက ကနဦးတင်ပြခဲ့တာပါ။

အဲ့ဒီလိုထူးခြားဖြစ်စဉ်အနေနဲ့ တင်ပြခဲ့တာကို စစ်ကောင်စီဘက်က ဗြောင်လိမ်တဲ့အနေနဲ့ PDF တွေက မိုင်းဆွဲပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပေမယ့် မနေ့က ကန်သုံးဆင့်ဆရာတော်ရဲ့ စစ်တပ်ကပစ်ခတ်တဲ့ ဖြစ်စဉ်အသေးစိတ်ကို ရှင်းလင်းမိန့်ကြားတဲ့ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။

ကန်သုံးဆင့်ဆရာတော် မိန့်ကြားတဲ့ရုပ်သံဖိုင် ထွက်လာပြီးနောက် စစ်ကောင်စီဘက်က ကားဆရာနဲ့ ကနဦးအစီရင်ခံစာရေးသူရဲ့ တင်ပြချက်နဲ့ ဆရာတော်ရဲ့ မိန့်ကြားချက် ကွဲလွဲတာကို ဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ ဆရာတော်တွေဆီ ပြောဆိုခဲ့တဲ့ ရုပ်သံဖိုင်ကို စစ်လော်ဘီချန်နယ်တွေက ဖော်ပြထားပါတယ်။

ဒါ့ပြင် နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ဗိုလ်နဲ့ စစ်သားတွေက ဝိုင်းဝန်းသတ်ဖြတ်ခဲ့တဲ့ အပြစ်ကို ဝန်ခံတောင်းပန်ဖို့ကိုလဲ ဒေါက်တာကောဝိဒသိရီ သီတဂူစတားက မနေ့ကညပိုင်းမှာ လူမှုကွန်ရက်ကတစ်ဆင့် တောင်းဆိုမိန့်ကြားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 18 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ