နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်တဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သံဃသမဂ္ဂ-မန္တလေးထုတ်ပြန်

ဇွန်လ (၂၁)ရက်။

သံဃနာယကဆရာတော်တပါးဖြစ်တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်အုပ်စုက ဆင်ခြင်မှုကင်းမဲ့စွာ ပစ်ခတ်သတ်ဖြတ်တဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ သံဃသမဂ္ဂ-မန္တလေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတဝန်းက အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူတွေကို နေ့တိုင်း လူသားမျိုးနွယ်စုအပေါ် လူမျိုးတုန်းသတ်ဖြတ်တာ၊ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

အခုလို ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး လေးစားဂုဏ်ယူကြည်ညိုရတဲ့ သံဃနာယကဆရာတော်တပါးကို ပစ်ခတ်သတ်ဖြတ်တာဟာ အလွန် ထိတ်လန့်ဖွယ်ကောင်းတဲ့ လုပ်ရပ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်အုပ်စုက ပြည်သူကို လိမ်လည်လှည့်ဖြားပြီး သတင်းအမှားတွေ ထုတ်ပြန်ကာ သူတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ကြိုးစားနေတာက စက်ဆုပ်ဖွယ်ရာကောင်းတဲ့ လုပ်ရပ်လို့ ရေးသားထားပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသွားတာက သာသနာနဲ့ နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ကာ ဆရာတော်ဟာ အာဇာနည်ပုဂ္ဂိုလ်တစ်ပါးသာမက သာသနာအတွက် သမိုင်းဝင် စံတန်ဖိုးထားရမယ့်ပုဂ္ဂိုလ်လို့ ပြောဆိုထားပါတယ်။

ဆရာတော် ပျံလွန်တော်မူခဲ့တာကို ကားတစ်စီးထဲ အတူလိုက်ပါခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်ကြီးရဲ့ သံဃာတော်တွေရှေ့မှာ ပြန်လည်မိန့်ကြားချက်အရ သိရပြီး ဝမ်းနည်းကြေကွဲရတယ်လို့ သံဃသမဂ္ဂ-မန္တလေးရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဂွမြိုနယ် ကျိန္တလီမြို ဗုံးကြဲခံရပြီး (၇)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 17 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၁၅)မိနစ်အချိန်က ဂွမြိုနယ် ကျိန္တလီမြိုကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို
မြန်မာသတင်း

ဖရူဆိုမှာ ရှေ့တန်းပိုခံရတဲ့ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 16 Views
နိုဝင်ဘာလ (၂၂)ရက်။ ဖရူဆိုမြိုမှာ ရှေ့တန်းပိုဆောင်ခံရတဲ့ ခမရ(၅၃၁)တပ်ရင်းက စစ်ကော်မရှက်တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို Karenni Army BA-5 ရဲ့
မြန်မာသတင်း

မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကန်အောက်လွှတ်တော်အမတ်တွေက ကြားနာပွဲတရပ် ကျင်းပတဲ့အပေါ် ကြိုဆိုတယ်လို CRPH ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 22 Views
နိုဝင်ဘာလ (၂၂)ရက်။ မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လွှတ်တော်ဆိုင်ရာ ကြားနာပွဲတရပ်ကို အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေက ကျင်းပခဲ့တဲ့အပေါ် ကြိုဆိုတယ်လို CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကြားနာပွဲဟာ နိုဝင်ဘာလဆန်းပိုင်းက CRPH နဲ့ အမေရိကန် အထက်လွှတ်တော်နဲ့
မြန်မာသတင်း

တိုင်ကြားခံထားရတဲ့အပေါ် အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားပြီး ပူးပေါင်းသွားမယ်လို NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 17 Views
နိုဝင်ဘာလ (၂၂)ရက်။ တိုင်ကြားခံရတာတွေနဲ့ပတ်သက်ပြီး NUG တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားတယ်လို ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက တုံပြန်ပြောဆိုထားတယ်လို သိရပါတယ်။ “ နိုင်ငံရေးအရ တော်လှန်ရေးအခြေအနေတွေ အကဲဆတ်တဲ့ကာလမှာ NUG ဝန်ကြီးချုပ်ရုံးခေါင်းစဉ်နာမည်တပ်ပြီး လွဲမှားတဲ့စွပ်စွဲချက်တွေနဲ့
မြန်မာသတင်း

ချောက်မှာ နိုင်/ကျဉ်းတွေပါတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး နိုင်/ကျဉ်းတစ်ဦးကို PDF ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 18 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၉)ရက်နေ့ နံနက် (၇)နာရီအချိန်က ချောက်မြိုရှိ အမှတ်(၃) ပြည်ထောင်စုလမ်းပိုင်းတနေရာမှာ စစ်တပ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို PDF-Chauk ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစခယာဉ်တန်းက နိုင်ငံရေးအကျဉ်းသား (၅)ဦးကို
မြန်မာသတင်း

ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူတိုမှာ စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံ သောင်းနဲ့ချီ တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 15 Views
နိုဝင်ဘာလ (၂၁)ရက်။ ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူနယ်တိုရဲ့ မြိုနယ်(၃)ခုအစပ်နေရာတွေကို စစ်တပ်က အင်အား (၃၀၀)ခန့်နဲ့ စစ်ကြောင်းထိုးနေတယ်လို ခင်ဦးမြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီမြို (၃)ခုအစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အင်အား (၃၀၀)ဝန်းကျင်လောက်က
မြန်မာသတင်း

ဗဟိုဦးဆောင်ကော််မတီဝင် (၂)ဦးကို တပ်ပိုင်ဘဏ္ဍာပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ အရေးယူထားတယ်လို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 36 Views
နိုဝင်ဘာလ (၂၁)ရက်။ MDY-PDF ရဲ့ ဗဟို‌ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးကို တပ်ပိုင်ဘဏ္ဍာပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ အရေးယူထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူတို့ (၂)ဦးဟာ ကာလတန်ဖိုးကြီးမားတဲ့ တပ်ပိုင်ဘဏ္ဍာပစ္စည်းကို စည်းကမ်းချိုးဖောက်ပြီး တရားမဝင်ထုတ်ယူတဲ့အပေါ် အပြစ်ရှိကာ
မြန်မာသတင်း

ရွှေကုက္ကိုလ်နယ်မြေကနေ နိုင်ငံခြားသား (၄၀၀)ကျော်ကို ထပ်မံဖမ်းမိခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 38 Views
နိုဝင်ဘာလ (၂၁)ရက်။ ရွှေကုက္ကိုလ်နယ်မြေထဲ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသား (၄၀၅)ဦးကို ထပ်မံဖမ်းမိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ နိုင်ငံခြားသားတွေထဲ ဗီယက်နမ်၊ ကင်ညာ၊ အီသီယိုးပီးယား၊ နမေဗီးယား၊ အင်ဒိုနီးရှာ၊ ယုဂန်ဒါ၊ နီပေါ၊