နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားလို့ နိုင်ငံရေးပါတီ (၄) ပါတီ တရုတ်ပြည်သွား

+++++++++++++++++++++++++++++++++++++++++++++

ဇူလိုင် (၂၁) ရက်။

တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားတဲ့အတွက် မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၄ ပါတီ တစ်ပတ်ကြာ တရုတ်ခရီးစဥ် စတင်ပြီလို့ ဖိတ်ကြားခံရတဲ့ နိုင်ငံရေးပါတီတွေက ဇူလိုင် ၂၀ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

တရုတ်က ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေကတော့ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ဦးကိုကိုကြီး ခေါင်းဆောင်တဲ့ ပြည်သူ့ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) တို့ ဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဘက်ကတော့ အဖွဲ့ဝင် (၉) ဦး ပါဝင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ဗဟိုအမျိုးသမီးနဲ့ကလေးသူငယ်ရေးရာတာဝန်ခံ ဒေါ်စန္ဒာဝင်း၊ ဗဟိုကော်မတီဝင် ဦးစိုင်းသန်းထိုက်တို့ (၃) ဦး တရုတ်ကို ထွက်ခွာသွားပြီဖြစ်ကြောင်း ပြည်သူ့ပါတီက ထုတ်ပြန်ပါတယ်။

တရုတ်ခရီးစဥ်အတွင်း လက်ရှိပြည်တွင်းအကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ပြောဆိုဖို့ ရှိတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဘီဘီစီကို “မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်သူတွေခံစားနေရတဲ့ အနိဌာရုံတွေကို အဲဒါနဲ့ ပတ်သက်ပြီးတော့ အိမ်နီးချင်းနိုင်ငံချင်း အမြင်သဘောထားချင်း ဖလှယ်တာမျိုးတွေ အတတ်နိုင်ဆုံးဆောင်ရွက်သွားဖို့ ရည်ရွယ်တာရှိပါတယ်” လို့ ဦးကိုကိုကြီးက ပြောဆိုထားပါတယ်။

ဒီခရီးစဥ်အတွင်း တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးနဲ့တွေ့ဆုံဖို့ရှိတယ်လို့လည်း သိရှိရပါတယ်။

တရုတ်က နိုင်ငံရေးပါတီ ၄ ပါတီကို ဖိတ်ကြားတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သိရှိတဲ့အကြောင်း ပါတီရဲ့ တရုတ်နိုင်ငံဆိုင်ရာ ဆက်ဆံရေးတာဝန်ခံ ဦးဘိုဘိုဦးကလည်း ဘီဘီစီကို ပြောဆိုထားပါတယ်။

ဖိတ်ကြားခံရတဲ့ လေးပါတီဟာ စစ်ကောင်စီလက်ထက်မှာ ပြည်ထောင်စု‌ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံ ပြန်တင်ထားတဲ့ပါတီတွေဖြစ်ကြပါတယ်။

တရုတ်နိုင်ငံဟာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ကိုလည်း တရုတ်ကိုဖိတ်ကြားခေါ်ယူပြီးတဲ့နောက် အခု ဒီပါတီတွေကိုပါ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကျေးလက်ဒေသဖွံဖြိုးရေးနဲ့ ပိုးလမ်းမကြီး စီမံကိန်း အကောင်အထည်ဖော်ရေး အပါအဝင် တရုတ်ဘက်က ကျွမ်းကျင်သူတွေနဲ့ အမြင်သဘောချင်း ဆွေးနွေးဖလှယ်ဖို့ ပါတီ ၄ ခုက တာဝန်ရှိသူတွေကို ဇူလိုင် ၂၀ ရက်ကနေ ၂၇ ရက်အထိ တစ်ပတ်ကြာလာရောက်ဖို့ တရုတ်နိုင်ငံက ဖိတ်ကြားခဲ့တာလို့ သိရှိရပါတယ်။

တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ ညီနောင်သုံးဖော်သိမ်းပိုက်ထားတဲ့နယ်စပ်မြို့တွေကို တရုတ်ဘက်က ရုတ်တရက် ပိတ်လိုက်ပါတယ်။ အဲ့ဒီနောက်မှာ MNDAA ဘက်က တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်အရ ဒီလကုန်အထိ တဖက်သပ်အပစ်ရပ်မယ်လို့ ကြေညာထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ဗိုလ်မှူးတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 18 Views
မတ်လ (၂၅)ရက်။ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

သင်္ကြန်ကာလ စက်သုံးဆီချွေတာနိုင်ဖို လမ်းလျှောက်သင်္ကြန်တွေ ပြုလုပ်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 11 Views
မတ်လ (၂၅)ရက်။ သင်္ကြန်ကာလထဲ စက်သုံးဆီ အများအပြားမသုံးစေဖို လမ်းလျှောက်သင်္ကြန်အနေနဲ့ သတ်မှတ်ကျင်းပဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က စက်သုံးဆီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို
မြန်မာသတင်း

ယောဒေသရှိ YDF တပ်စခန်းတွေကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 15 Views
မတ်လ (၂၅)ရက်။ ပြီးခဲ့တဲ့နဗစ်ဆန်းပိုင်းကစပြီး ယောဒေသထဲရှိ ယောကာကွယ်ရေးတပ်(YDF)ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ခုနှစ် ဇန်နဝါရီလကုန်ပိုင်းကစပြီး အခုလ (၂၄)ရက်နေ့အထိ ယောဒေသထဲက YDF ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 61 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ရပ်နေရင်း၊ နယ်စပ်တွင် တပ်ဖွဲ့ဝင်များ စုရုံးထားသော်လည်း ရုရှားက
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 40 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့ ချင်းပြည်နယ်ထဲ လက်လွှတ်ဆုံးရှုးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ကာလလို ဆိုပါတယ်။ ဒီလို
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 30 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့