နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘုတလင်မြို့နယ်ထဲ စစ်ကောင်စီက အရပ်သား (၂၃)ဦးအထိ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့၊ ဘုတလင်မြို့မှာ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရ

အောက်တိုဘာလ (၂၁)ရက်။

အခုရက်ပိုင်းထဲ ဘုတလင်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားပြည်သူ (၂၃)ဦးအထိ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က ထွက်လာတဲ့ အင်အား (၁၀၀)နီးပါးရှိ စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို အောက်တိုဘာလ (၁၁)ရက်ကစပြီး စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့ထဲအပါအဝင် သရော်တော၊ အုတ်တွင်း၊ မြောက်ကျီရွာ၊ ဆည်ဝရွာနဲ့ စည်ဘာရွာတို့ကို စစ်ကြောင်းထိုးဝင်ခဲ့ပြီးနောက် အရပ်သား (၂၃)ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အခုလို စစ်ကြောင်းထိုးပြီး မီးရှို့သတ်ဖြတ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ အနီးတဝိုက်ရှိ ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ ဝေးဝေးရှောင်ကြဖို့ ‌ဒေသတွင်းအင်အားစုတွေက အသိပေးတိုက်တွန်းထားပါတယ်။

အောက်တိုဘာလ (၁၇)ရက်နေ့ကလဲ စစ်ကောင်စီစစ်ကြောင်းဟာ စီပါရွာထဲ ဝင်ရောက်ကာ နေအိမ်ရာနဲ့ချီကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား (၆)ဦးကို ‌ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကာ စစ်ကောင်စီဘက်ကတော့ ဒီကနေ့ထုတ်သတင်းစာမှာ သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

“ စီပါရွာမှာ ပြည်သူခြောက်ဦးကိုသတ်သွားတာ တော်တော်ဆိုးတယ်၊ အူထုတ် ခေါင်းဖြတ် ခြံစည်းရိုးမှာချိတ် အသားတွေနွှာ မမြင်ရက်စရာကောင်းလောက်အောင်ကို လုပ်သွားတာ။ အခု အဲ့ခွေးတွေက စိုင်ပြင်လေးရွာမှာ အထိုင်ချပြီး လက်နက်ကြီး လေ‌ကြောင်းနဲ့ ဘုတလင်အနောက်ခြမ်းကျေးရွာတွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ (၁၉)ရက်နေ့ကလဲ စစ်ကောင်စီဟာ ညောင်ကန်ရွာကို Mi-35 နဲ့ လေကြောင်းကနေ တိုက်ခိုက်တာအပါအဝင် နမခကနေ ဟောင်ဝှစ်ဇာ (၇)လုံးနဲ့ ပစ်ခတ်ခဲ့သလို ဘုတလင်မြို့အနောက်ဘက်ခြမ်းကို ၁၂၀မမတွေနဲ့ ပစ်ခတ်ပြီး စိုင်ပြင်လေးရွာကို မီးရှို့ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ဘုတလင်နယ်ထဲ အင်အားရာဂဏန်းနီးပါးနဲ့ မြေပြင်ကနေ စစ်ကြောင်းထိုးတာအပြင် လေကြောင်းကနေ ဗုံးကြတိုက်ခိုက်တာတွေကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လဲ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 39 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 30 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့